Jul 17, 2012

သုံးနားညီကောင်းကင်

ကျွန်တော့်ကောင်းကင်မှာ အတိတ်တွေရှိတယ်
အဲဒီအတိတ်တွေအတွက် သမိုင်းတွေရှိတယ်
အဲဒီသမိုင်းတွေအတွက် ပုံရိပ်တွေရှိတယ်
ပုံရိပ်တွေ ပုံဖော်ဖို့ စက္ကူနဲ့ ဘောလ်ပင်လိုတယ်။
ကျွန်တော့်ကောင်းကင်မှာ ပစ္စုပ္ပန်ရှိတယ်
အဲဒီပစ္စုပ္ပန်အတွက် ကြိုးစားခြင်းတွေရှိတယ်
အဲဒီကြိုးစားခြင်းတွေအတွက် ရလဒ်တစ်ခုရှိတယ်
ရလဒ်တစ်ခု သက်သေပြဖို့ ဘဝရဲ့တည်ကိန်းတွေလိုတယ်။
ကျွန်တော့်ကောင်းကင်မှာ အနာဂတ်ရှိတယ်
အဲဒီအနာဂတ်အတွက် အိပ်မက်တွေရှိတယ်
အဲဒီအိပ်မက်တွေအတွက် မျှော်လင့်ခြင်းတွေရှိတယ်
မျှော်လင့်ခြင်းတွေ ရှင်သန်ဖို့ နွေးထွေးအားပေးမှုတွေလိုတယ်။
မျှော်လင့်ခြင်းဆေးရောင်တွေနဲ့  ဘဝကို ပုံဖော်လိုက်တဲ့အခါ
သမိုင်းဟာ လှပနွေးထွေးမှုတွေ လျှံသွားတော့တယ်
လက်တွေ့ စာမျက်နှာပေါ်မှာ..
ပုံဖော်ထားတဲ့ နွေးထွေးမှုတွေနဲ့
မျှော်လင့်ခြင်း တည်ကိန်းတွေရောယှက်လို့
အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ် ကာလသုံးပါး
နာရီလက်တံများနဲ့အတူ
ရွေ့လျားနေလေရဲ့။



No comments:

Post a Comment