Jul 5, 2012

ပညတ်အရှိ

တချို့ကတော့ ပညတ်တွေဟာအရေးမကြီးပါပဲ ၊ အနှစ်သာရကသာအရေးကြီးတယ် ၊ နံသာကိုအီးလို့ နာမည်ပေးလို့ အဲဒီနံသာဟာအီးစော်နံမသွားပါဘူး ၊ ဘယ်လိုပဲခေါ်ခေါ် ၊ ဘယ်လိုပဲသုံးသုံး အတူတူပါပဲ လို့ ပြောကြပါတယ်။ မှန်ပါတယ် တကယ်အနှစ်ကိုတွေ့ သွားတဲ့ခါ ပညတ်ဆိုတာလက်လွှတ်ရမှာပါ ။ သို့သော် ပညတ်တွေ နဲ့ တွဲလျှက် ပါရှိတဲ့ အဓိပ္ပါယ်တွေ ၊ ခံစားနားလည်မှုတွေ ကလည်းရှိနေပါသေး တယ် ၊ နံ့သာလို့ ပြောလိုက်ရုံနဲ့ မွှေးမယ်ဆိုတာ လူတိုင်းနားလည်သလို ၊ အီးလို့ ပြောလိုက်တာနဲ့ နံမယ်ဆိုတာလည်း အလိုလို သိနေကြပါတယ် ။ ထမင်းစားနေတဲ့ လူတစ်ယောက်ကို ခင်ဗျား အီးအီး တွေ စား နေတာလားဆိုရင် မေးတဲ့သူဟာ စိတ်ဆိုးခံရမှာအသေချာပါပဲ ။ ဒါသည်ပညတ်အခေါ်အဝေါ်နဲ့တွဲလျှက်ရှိနေတဲ့လူတွေရဲ့ခံစားနားလည်မှုကြောင့်ပါပဲ။ အားလုံးသော ကျွန်တော်တို့ရွှေမြန်မာအပေါင်းတို့လည်း ပညတ်အရှိ ကို ဆင်ခြင်ဥာဏ်အသိနဲ့နားလည်မှုတွေညှိနိုင်ကြပါစေ လို့ ဆန္ဒပြုရင်း…..

No comments:

Post a Comment