သူတော်ကောင်း ဥစ္စာတို့သည် ဤခုနစ်မျိုးတို့တည်း။
အဘယ်ခုနစ်မျိုးတို့နည်းဟူမူ -
၁...... ယုံကြည်မှု 'သဒ္ဓါ' ဥစ္စာ၊
၂... စောင့်ထိန်းမှု 'သီလ' ဥစ္စာ၊
၃... ရှက်မှု 'ဟိရီ' ဥစ္စာ၊
၎... ကြောက်လန့်မှု 'သြတ္တပ္ပ'ဥစ္စာ၊
၅... အကြားအမြင် 'သုတ' ဥစ္စာ၊
၆... စွန့်ကြဲမှု 'စာဂ' ဥစ္စာ၊
၇... သိမှု 'ပညာ' ဥစ္စာတို့တည်း။
ရဟန်းတို့ သူတော်ကောင်း ဥစ္စာတို့သည် ဤခုနစ်မျိုးတို့တည်း ဟု မိန့်တော်မူ၏။
ထိုသူတော်ကောင်း ဥစ္စာရှိသော မိန်းမယောက်ျားကို မဆင်းရဲသူဟူ၍ ပညာရှိတို့ ဆိုကုန်၏၊ ထိုသူ၏ အသက်ရှင်ခြင်းကို အချည်းနှီး မဟုတ်ဟု ဆိုကုန်၏။ ထို့ကြောင့် ပညာရှိသည် ဘုရားသျှင် အဆုံးအမတော်ကို အောက်မေ့လျက် ကြည်လင်စေတတ်သော သဒ္ဓါ တရားကို လည်းကောင်း၊ သစ္စာလေးပါးတရားကို မြင်ကြောင်း ဖြစ်သော သီလကို လည်းကောင်း အဖန်ဖန် အားထုတ်ရာသတည်း။
(၅ - သံခိတ္တဓနသုတ်၊ ဓနဝဂ်၊ သတ္တကနိပါတ်၊ အဂုင်္တ္တိုရ်ပါဠိတော်။)SeeMore

No comments:
Post a Comment