Dec 24, 2011

Dos Attack ဆိုတာဘာလဲ ?


Website ထားရှိတဲ့ Server Computer ကိုတိုက်ခိုက်တဲ့အရိုးစင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ် ။
ISP Back Bone တွေကိုလည်းပဲ ဒီနည်းနဲ့တိုက်ခိုက်တတ်ပါသေးတယ် ။ သူ့ရဲ့သဘောတရားကလည်းရိုးစင်း
ပါတယ်။တစ်တန်လောက်မ,နိုင်တဲ့လူတစ်ယောက်ကို ဆယ်တန်မခိုင်းမယ်ဆိုရင် တစ်ခါတည်းဘုန်းဘုန်းလဲသွား
မှာပါပဲ ။ ဒီသဘောအတိုင်းပါပဲ ။ Server Computer Busy ဖြစ်သွားရာကနေ ဘုန်းဘုန်းလဲသွားအောင်
မနိုင်ဝန်ထမ်းခိုင်းလိုက်တာဖြစ်ပါတယ် ။

Dos နဲ့တိုက်ခိုက်ဖို့အတွက်အများကြီးသိစရာမလိုပါဘူး ။
Server Computer ရဲ့ IP Address သိရယုံနဲ့အလုပ်ဖြစ်ပါတယ် ။Windows ရဲ့ CMD Box ကနေ Ping
www.???????.com ဆိုပြီး ရှာကြည့်လို့ရပါတယ်။ ဒါမှမဟုတ်ရင်လည်း
http://www.selfseo.com/find_ip_address_of_a_website.php လိုဆိုက်မျိုးကနေ IP ကို
ရှာကြည့်နိုင်ပါတယ်။
Server Attack လို Software မျိုးမှာ IP ရိုက်ထည့်ပြီး Start ကို နှိပ်လိုက်ယုံနဲ့ Software ဟာ Target ကို
စတင် တိုက်ခိုက်ပါလိမ့်မယ်။

No comments:

Post a Comment