သတ္တ၀ါတွေဟာ ဘ၀သံသရာကြီးထဲမှာ လူ ဖြစ်လိုက် နတ်ဖြစ်လိုက် ဗြဟ္မာဖြစ်လိုက်
တရိစ္ဆာန်ဖြစ်လိုက် နဲ့ မဆုံးနိုင်အောင် လည်ပတ်နေကြတယ်ဆိုတာယုံကြည် လက်ခံထားကြရဲ့လား
( ကိုယ်သေတဲ့အရိုးတွေကို တောင်လိုပုံထားမယ်ဆိုရင်( ၇ ) ရက်တက် ( ၇ ) ဆင်းရတဲ့တောင်လောက်မြင့်
တယ်တဲ့ - ဒါတောင် အရိုးမရှိတဲ့ သတ္တ၀ါအဖြစ်နဲ့သေတဲ့ ဘ၀ တွေမပါသေးဘူးနော်)
အခု လူ့ဘ၀ ရပြီး နောက် သေရင် ဘယ်ဘ၀ရောက်မယ်ထင်သလဲ
တနေ့မှာ မြတ်စွာဘုရားက အရှင်အာနန္ဒာကို ချစ်သားအာနန္ဒာ ငါ၏လက်သဲပေါ်ရှိမြေမှုံအရေအတွက်နဲ့
ဟောဒီမဟာပထ၀ီမြေကြီးပေါ်မှာ ရှိတဲ့ မြေမှုံအရေ အတွက်ဘယ် ကများသလဲ လို့ မေးလိုက်တဲ့အခါမှာ
အရှင်အာနန္ဒာ က အရှင်ဘုရားလက်သဲပေါ်မှာရှိတဲံ မြေမှုံ အရေအတွက် ကဘာမှ မပြောပလောက်ပါ
မဟာပထီမြေကြီးပေါ်ရှိမြေမှုံအရေးအတွက် က အဆမတန်များပါ တယ်ဘုရားလို့ ပြန်လျှောက်တယ်
ဒီအခါ မှာ မြတ်စွာဘုရား က ဟုတ်တယ် လူတယောက်သေပြီး ကောင်းရာသုဂတိ ရောက်တဲ့ အရေအတွက်
ဟာ ငါရဲ့  လက်သဲပေါ်မှာရှိတဲံ့မြေမှုံလောက်သာရှိတယ်ကျန်တဲ့ ဟောဒီမဟာပထ၀ီမြေကြီးပေါ်မှာ ရှိတဲ့မြေမှုံ
အရေအတွက်ကတော့ မကောင်းတဲ့ အပါယ်ဘုံကိုရောက်ကြတာဘဲလို့ မိန့်တော် မူသတဲံ့
သင်ကော ဘယ်အထဲမှာ ပါချင်သလဲ လက်သဲပေါ်ကမြေမှုံထဲမှာ လား
မဟာ ပထ၀ီမြေကြီးအထု ရှိတဲ့မြေမှုံထဲမှာ လား
အခု ဒီဘ၀ မှာ လူအဖြစ်နဲ့လာတွေ့ဆုံနေကြရတယ် နောက် နှုတ်ဆက်ပြီး ခွဲခွါသွားတဲ့အခါမှာ ငါတော့
ဒီထက်ကောင်းတဲ့နေရာကို သွားပြိဟေ့လို့ ဆိုပြီး နှုတ်ဆက်သွားရင် တာ့တာ့ လုပ်တဲ့လူက က လဲ ၀မ်းသာ
ရွှင်မြူစွာနဲ့ တာ့တာ့ လုပ်ရမှာပေါ့ ၊
ဒါပေမဲ့ ဒါတော့ ဒီထက် ပိုဆိုးတဲ့နေရာကို သွားရတော့မယ် ဟေ့ဆို ရင်တော့ နှုတ်ဆက် တဲ့သူ က ဘယ်စိတ်
ကောင်းပါ့မလဲ နော်
ဒါကြောင့် မိုးကုတ်ဆရာတော် ဘုရား ကြီး က
အသေ မဦိးခင် ဥာဏ် ဦးအောင်လုပ် ပါလို့  ဆုံးမထားပါတယ်
ဥာဏ် က မဦးဘဲ အသေက ဦးသွားမှာ စိုးလို့ ဖြစ်ပါတယ်
ဥာဏ် ဦးတယ်ဆိုတာ ဘာလဲ
သေရင် အပါယ် မကျအောင် လုပ်ထား တာကို ဆိုလိုပါတယ်
သေရင် အပါယ် မကျအောင် ဘယ်လို လုပ်ရမလဲ
ဒိဋ္ဌိပြုတ်ရင် အပါယ် မကျ နိုင်ဘူး
ဒိဋ္ဌိဆိုတာဘာလဲ
၁ - အခု ရထားတဲံ့ ခန္ဓာကြီး ကို ငါဘဲ ယေက်ျားဘဲ မိန်းမ ဘဲ ပုဂ္ဂိုလ်ဘဲ သတ္တ၀ါဘဲလို့ ထင်နေတာ
မှတ်နေတာ ၊ စွဲ နေတာ ၊
၂ - သေပြိးရင် နောက် ဘ၀ တခုဖြစ်သေးတယ်လို့ ထင်နေတာ မှတ်နေတာ ၊ စွဲနေတာ ၊
ဝိညာဉ် ဟာခိုင်တယ်မြဲတယ် ဘယ်တော့မှ မသေဘူး နောက်ဘ၀မှာ နောက်ခန္ဓာတခုမှာ
ပြန်ဖြစ်တယ်လို့ ယူတဲ့အယူ
( လောက်လန်းသဘွယ်ဝိညာဉ်တွယ်ဆိုသလို လူတယောက်သေသွားရင်နောက်ဘ၀မှာတခုတခု
သွားဖြစ်တယ် ၀ိညာဉ်ကလေးကတော့ မသေဘူး ဒီခန္ဓာကို စွန့်ပြီးနောက်ခန္ဓာမှာ ၀င်တယ်လို့ယူ
တဲ့အယူ ( အသက် ထွက်သွားတယ် ဆိုတဲ့အယူ )
၃ - သေပြီးရင် နောက် ဘာမှ မဖြစ်တော့ ဘူးလို့  ထင်နေတာ မှတ်နေတာ ၊ စွဲနေတာ ၊
တချို့ တော့ သေပြိး ရင် ပြိးတာဘဲ နောက် ဘာမှ မဖြစ်တော့ ဘူးလို့  ယူတဲ့အယူ
သင် ဘယ် အယူကိုယူထားသလဲ အဲဒီအယူ တမျိုးမျိုး ယူထားရင်တော့ သေရင် အပါယ်ကျမှာဘဲ
ဒါကြောင့် ရင်ဝလှံစူး - ဦးခေါင်းမီးလောင် ဒိဋ္ဌိအမြန်ရှောင်ပါတဲ့
ကိုယ့်ရင်ဝကို လှံစူးမယ် ဆိုလျင် အလျှင်ဆွဲနှုတ်မယ် မဟုတ်လား
ကိုယ် ဦးခေါင်းက ဆံပင်ကို မီးလောင်ရင် အလျှင်ငြိမ်းသတ်မယ် မဟုတ်လား
အဲ ဒါ ထက် အလျင်ဦးအောင် ကိုယ့်မှာ စွဲနေတဲ့ ဒိဋ္ဌိ အယူကို အမြန် ပျြတ်အောင်ဖြုတ်ပါတဲ့
ဒိဋ္ဌိအယူအမပြုတ်ဘဲ သေရင် သံသရာ ထဲမှာ လည်နေအုံးမှာ ဘဲ အရိုးတွေတောင်လိုပုံနေအုံးမှာဘဲ
ဒိဋ္ဌိပြုတ်ပြိးသေမယ်ဆိုရင်တော့ အနဲဆုံး ခုနှစ် ဘ၀ ဘဲ သေစရာရှိတော့ တယ် နောက်ဆုံးဘ၀ မှာ
မအိုရာ မနာရာ မသေရာ ( နိဗ္ဗာန် ) ကို မျက်မှောက်ပြု နှိင်မှာဖြစ်ပါတယ်
ကဲ ဒိဋ္ဌြိ့ဖုတ်ကြရအောင်

No comments:
Post a Comment