Dec 24, 2011

မြတ်တယ် ယုတ်ညံ့တယ်ဆိုတာ ယောက်ျားဖြစ်တာ မိန်းမဖြစ်တာနဲ့ မဆိုင်ပါဘူး


မြတ်အောင်နေတဲ့သူမှန်သမျှ မြတ်ပါတယ် ရုတ်ညံ့တဲ့စိတ်ထားနဲ့ နေတဲ့သူမှန်သမျှက ယုတ်ညံ့ပါတယ်
ဒါကို လောကီ နဲ့  လောကုတ္တရာဆိုပြီး နှစ်ပိုင်းခွဲကြည့်မယ်
လောကီပိုင်းမှာဆိုရင် မိမိကိုယ်ကျိုးတွေကို စွန့် ပြီး အများအတွက် ပရဟိတအလုပ်မျိုးတွေ
နိုင်ငံကောင်းစားရေးအလုပ်တွေကို ရဲရဲတောက်ဆောင်ရွက်နေကြတဲ့သူတွေဟာ
မြတ်တဲ့အလုပ်တွေကို လုပ်ဆောင်နေကြတဲ့အတွက် မြတ်တဲ့သူတွေပါ
ဒီနေ့ ကမ္ဘာမှာ ဒီလိုလူပုဂ္ဂိုလ်မျိုးတွေ မရေတွက်နိုင်အောင်ရှိပါတယ်
လောကုတ္တရာဘက်ကကြည့်မယ်ဆိုရင် ကိုယ့်ကျင့်တရားလို့ ခေါ်တဲ့ သီလတွေဖြူစင်အောင် စောင့်ထိန်းမယ်
သံသရာလွတ်ကြောင်းလို့ ခေါ်တဲ့ ဝိပဿနာအလုပ်တွေကို ကျင့်ကြံအားထုတ်ပြီး
ကိုယ်သိသလို သူတစ်ပါးကိုလည်းသိစေလိုတဲ့ ကောင်းမြတ်သောစိတ်စေတနာနဲ့  သင်ကြား ဟောပြောပြသပေးတဲ့
ရဟန်းဖြစ်စေ သီလရှင်ဆရာလေးဖြစ်စေ လူပုဂ္ဂိုလ်ဖြစ်စေ အားလုံးက မြတ်သော အကျင့်ကိုကျင့်ပြီး
မြတ်သောအလုပ်တွေကိုလုပ်ဆောင်ကြတဲ့အတွက် မြတ်သောသူတွေပါ
မြတ်စွာဘုရားက ဟောကြားတော်မူခဲ့ပါတယ်..
နှစ်ပေါင်းတစ်ရာ အသက်ရှင်နေထိုင်ရစေကာမူ ကိုယ်ကျင့်သီလနဲ့ မပြည့်စုံတဲ့သူဟာ
လူဖြစ်ရကျိုးမနပ်ပါဘူး မမြတ်ပါဘူး..
တစ်ရက် တစ်နံနက်မျှ အသက်ရှင်နေထိုင်ခွင့်ရစေကာမူ ကိုယ်ကျင့်သီလနဲ့ ပြည့်စုံပြီး
ရုပ် နာမ်တို့ ၏ ဖြစ် ပျက်ကို မြင် သိသွားတဲ့သူတွေဟာ မြတ်သောသူတွေပါ တဲ့။

No comments:

Post a Comment