အမေသို့တမ်းချင်း
ငယ်ငယ်ကတည်းက
ရေးချင်တဲ့ကဗျာ
ငါမျိုသိပ်ခဲ့ဘူးတာပေါ့
အမေ..........
ဘယ်ရောက်နေတာလဲ
အမေမရှိတဲ့သားသမီးတွေ
မျက်နှာငယ်ရတယ်အမေ
အမေမရှိတဲ့နောက်ပိုင်းမှာ
အားကိုးရာမဲ့နေတဲ့သားတို့ဘဝ
အမိမဲ့သားရေခမ်းငါးပါအမေ
သူလုပ်သမျှ ခေါင်းငုံခံရင်း
သူယုတ်မာလက်မှာမှေးစက်ရပေမယ့်
အနွးဓာတ်ပါတဲ့ အမေရင်ခွင်လောက်
မနွေးထွေးပါဘူးအမေ
အမေရဲ့အဖေရှိတုန်းက
ဆောက်ခဲ့တဲ့သားတို့အိမ်
အိမ်လုံးပဲရှိတော့တယ်အမေ
ဆန်အိုးနဲထင်းပါမက
ပစ္စည်းမှန်သမျှ သူရောင်စားနေတယ်အမေ
အမေလို့မခေါ်ရဲတဲ့ဘ၀မှာတောင်
ညီအကိုမောင်နှမတွေကိုသွေးခွဲလို့
သူကိုယ်သူဆရာလိုခေါ်ခိုင်းတယ်အမေ
အမေပြန်လာပြီတဲ့
သားတို့ပျော်လိုက်တာအမေ
နဲ့နဲ့ ပဲကျန်တော့တဲ့ သားတို့အိမ်လေး
ပြန်ပြင်ပေးပါအမေ
သွေးကွဲနေတဲ့
သားတို့ညီအကိုတွေ
ပြန်ပေါင်းစည်းပေးပါအမေ
ယိမ်းယိုင်နေတဲ့
သားတို့စည်းပွားရေး
ပြန်ဆယ်ပေးပါအမေ
အမေအသက်ရာကျော်ရှည်ပါစေ
No comments:
Post a Comment