Dec 12, 2011

ဦးနှောက်၏ လုပ်ဆောင်မှု ကောင်းစေရန် လိုအပ်သော စွမ်းအင်များ


ဦးနှောက်ရဲ့ လုပ်ဆောင်မှုအတွက် လိုအပ်တဲ့ စွမ်းအင်တွေကို အကောင်းဆုံးပေးစွမ်းနိုင်တဲ့ အဟာရတွေရှိပါတယ်။ ဒီအာဟာရတွေကို ပြည့်ဝအောင် စားပေးမှသာ ဦးနှောက်ဟာ အကောင်းဆုံး လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ပေးနိုင်မှာ ဖြစ်တဲ့အတွက် အောက်ပါအစားအစာတွေကို သင်စားသုံးပေးရမယ်လို့ ဆိုပါတယ်။
၁။ ပျားရည် မှာပါဝင်တဲ့ ဗီတာမင်၊ သတ္တုဓာတ်၊ နဲ့ အင်ဇိုင်းတွေက ဦးနှောက်တွေးခေါ်နိုင်စွမ်းအားနဲ့ ဖန်တီးနိုင်စွမ်းအားတို့ကို လှုံ့ဆော်ပေးနိုင်တာကြောင့် အာရုံစူးစိုက်မှုကောင်းကာ ဖိစီးမှုတွေ ကင်းနေပါလိမ့်မယ်။ နံနက်စာ စားပြီးချိန်မှာ ပျားရည် ထမင်းစားဇွန်း နှစ်ဇွန်းခန့်စားပေးခြင်းဟာ ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေကို ပိုမိုကောင်းမွန်စေပါတယ်။
၂။ ငါးနဲ့ ပင်လယ်စာ တွေက ဦးနှောက်အတွက် အလွန်ကောင်းတဲ့ အဟာရတွေ ဖြစ်ပါတယ်။ ဒီအစားအစာမှာပါတဲ့ အမိုင်နိုအက်ဆစ်ဟာ နိုးကြားစေတဲ့ ဟော်မုန်းတွေကို တက်ကြွအောင် ကူညီပေးနိုင်လို့ပါ။ ငါးဟာ ဦးနှောက်ရဲ့ ဖွံ့ဖြိုးမှုကိုလည်း လှုံ့ဆော်နိုင်တာကြောင့် တစ်ပတ်မှာ ၂/၃ ကြိမ်ခန့် စားပေးသင့်ပါတယ်။
၃။ တရုတ်နံနံ မှာပါတဲံ မရှိမဖြစ်ဆီနဲ့ အင်ဆူလင်နဲ့တူတဲ့ ဟော်မုန်းတွေဟာ ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာကို အလွန်ကောင်းမွန်စေပါတယ်။ ခေါင်းတခြမ်းကိုက်တာကို ကာကွယ်ပေးနိုင်ပြီး စိတ်ဖိစီးမှုကိုပါ လျှော့ချနိုင်လို့ပါ။
၎။ ပဲပိစပ် မှာပါတဲ့ လက်ဆီသင် နဲ့ ဗီတာမင် B1တို့က ဦးနှောက်ဆဲလ်တွေအကြား ဆက်သွယ်မှုကို ကောင်းမွန်စေတာကြောင့် သတင်းအချက်အလက်တွေကို မြန်မြန်ရောက်ရှိစေပါတယ်။ နေ့စဉ် ပဲနို့ တစ်ဖန်ခွက်သောက်ပေးသင့်ပါတယ်။
၅။ ငှက်ပျောသီး ဟာလည်း ဦးနှောက်ရဲ့ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ ငှက်ပျောသီးမှာပါတဲ့ ဆီရိုတိုနင် က အာရုံစူးစိုက်နိုင်စွမ်းကို ကောင်းမွန်စေပြီး ပျော်ရွှင်မှုကိုပါ ဖြစ်ပေါ်စေပါတယ်။ တစ်နေ့ကို ငှက်ပျောသီးမှည့် ၁ လုံးမှ ၂ လုံးထိ စားပေးသင့်ပါတယ်။
၆။ ထောပတ်သီး မှာ ဗီတာမင် B1၊ သံဓာတ်နဲ့ ပိုတက်စီယမ်တို့ များစွာပါဝင်တာကြောင့် နာ့ဗ်ကြောထိခိုက်မှု မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ တစ်နေ့မှာ ထောပတ်သီးတစ်လုံးရဲ့ တစ်ဝက်ခန့်ကို စားပေးသင့်ပါတယ်။
၇။ ဇာတိပ္ပိုလ်သီး မှာ ပါတဲ့ မရှိမဖြစ်ဆီဟာ စိတ်ခံစားမှုကို ကောင်းစေပြီး လန်းဆန်းတက်ကြွမှုကို ဖြစ်စေတဲ့အပြင် အာရုံစူးစိုက်မှုကို ကောင်းမွန်စေပါတယ်။
၈။ ငရုတ်သီး မှာပါတဲ့ ဗီတာမင်စီနဲ့ တခြားဓာတ်တွေက ဦးနှောက်သွေးကြောကို ကျယ်စေပါတယ်။ ငရုတ်သီးထဲက Capsaicin ဟာ အန်ဒေါ်ဖင်ဟော်မုန်းကို ထွက်ရှိစေပါတယ်။အန်ဒေါ်ဖန်ဟော်မုန်းဟာ အကောင်းမြင်စိတ်ကို တိုးစေပြီး စိတ်ခံစားမှုကိုကောင်းမွန်စေပါတယ်တဲ့။
၉။ ကြက်သွန်ဖြူ ဟာဦးနှောက်ထဲမှာ သွေးလှည့်ပတ်မှုကောင်းအောင် လှုံ့ဆော်ပေးနိုင်စွမ်း ရှိတာကြောင နေ့စဉ် အနည်းဆုံးကြက်သွန်ဖြူ ၁မွှာကို စားပေးမယ်ဆိုရင် ဦးနှောက်ဆဲလ်ထဲက အောက်စီဂျင်ကို သိသိသာသာ တိုးစေပါတယ်။
၁၀။ နာနတ်သီးမှာပါဝင်တဲ့ ထရစ်ပတိုဖန် အမိုင်နိုအက်စစ်ဟာ စိတ်အပန်းပြေစေပြီး စိတ်ဖိစီးမှုကို လျော့ကျစေတာကြောင့် ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာကို တိုးတက်ကောင်းမွန်စေပါသတဲ့။
လူတိုင်းဟာနေ့စဉ် ဦးနှောက်ကို အသုံးပြုနေရတဲ့အတွက် ဦးနှောက်အတွက် လိုအပ်တဲ့ အာဟာရတွေကို ပါဝင်အောင် စားပေးဖို့လိုအပ်ပါတယ်။

No comments:

Post a Comment