အသက်ရှင်ချင်စိတ်မရှိတော့ဘူး...။အသက်ရှင်နေရတာ အဓိပ္ဖယ်မရှိဘူးဆိုတဲ့ စကားတွေ ကြားဖူးမှာပါ...။ကျွန်တော်တို့ ကိုယ်တိုင်လည်း ငါတို့ ဘာအတွက် အသက်ရှင်နေကြတာလဲ?ကိုယ့်ကိုယ်ကိုပြန်မေးဖူးမှာပါ။တစ်ချို့က ပစ္စည်းဥစ္စာရှာဖွေဖို့ အသက်ရှင်နေကြတယ်။တစ်ချို့က ရာထူးဂုဏ် အာဏာအတွက် အသက်ရှင်နေကြတယ်။ကျွန်တော်တို့ ကိုယ်တိုင်ကော ဘာအတွက် အသက်ရှင်နေကြတာလဲ။ဘုရားရှင်ကိုယ်တိုင်လည်း ဘာအတွက်အသက်ရှင်ရတာလဲ စဉ်းစားဖူးပါတယ်။
ပစ္စည်းဥစ္စာဆိုတာက ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကိုယ်စောင့်ရှောက်ဖို့ ။ဆိုလိုတာကတော့ ... ကျွန်တော်တို့ ခန္ဒာကိုယ် ကျန်းမာသန်စွန်းအောင် ပစ္စည်းဥစ္စာတွေကို သုံးစွဲကြရတယ်(ပစ္စည်းဆိုတဲ့နေရာမှာ အစားအသောက်ဆိုတာလည်း ပစ္စည်းလို့ နားလည်ထားသင့်ပါတယ်)။ကိုယ်အင်္ဂါအစိတ်အပိုင်းတွေက အသက်ကိုစောင့်ရှောက်ဖို့ ။ဆိုလိုတာက... ကျွန်တော်တို့ အသက်ရှင်သန်ဖို့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေလိုပါတယ်။ အသက်ရှုင်ခြင်းက ကိုယ်ကျင့်သီလကိုစောင့်ရှောက်ဖို့တဲ့။ဒီတော့ ကျွန်တော်တို့ ကိုယ်ကျင့်သီလနဲ့ ကုသိုလ်တရားတွေ ဖြည့်ကျင့်ဖို့အတွက်ပဲ အသက်ရှင်သင့်ပါတယ်။ဒါမှလည်း လူ့ဘ၀ လူဖြစ်ကျိုးနပ်မှာပါ။
ကျွန်တော်တို့ ကောင်းသောနေ့ ပါလို့ ပြောကြတယ်။ ကောင်းသောနေ့ဆိုတာဘာလဲ ။ ကောင်းမြတ်သောစိတ်၊ကောင်းမြတ်သော အပြုအမူတွေနဲ့ စတင်ကြပါလို့ လို့ ဆိုလိုတာပါ။
ကဲ.....မိတ်ဆွေ .... ကောင်းသောနေ့လေးပါ...။
ထာဝရအသက်ရှင်သန်ခြင်းထက်၊တစ်ခဏဘ၀ လူဖြစ်ကျိုးနပ်ကြပါစေ....

No comments:
Post a Comment