Nov 23, 2011

ဗုဒ္ဓဟောကြား မြတ်တရား

ဝေဒနာကြိုက်တဲ့လူ ဝေဒနာကိုရှု၊ ရုပ်ကြိုက်တဲ့ လူ ရုပ်ကိုရှု၊ စိတ်ကြိုက်တဲ့ လူ စိတ်ကို ရှု၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဆိုတဲ့ ဓမ္မကို ကြိုက်တဲ့ လူ ဓမ္မကိုရှု။ ဒါပေမယ့် ဝေဒနာဘဲဖြစ်ဖြစ်၊ ရုပ်ဘဲဖြစ်ဖြစ်၊ စိတ်ဘဲဖြစ်ဖြစ်၊ ဓမ္မဘဲဖြစ်ဖြစ် ယောဂီတို့ ယခုပစ္စုပ္ပါန်အချိန်မှာ ပေါ်ချင်ရာ ပေါ်မှာဘဲ ယခုဝေဒနာပေါ်ရင် ဝေဒနာရဲ့ ဖြစ်ခြင်း ပျက်ခြင်းကိုရှု၊ ယခုရုပ်ဖောက်ပြန်ရင် ရုပ်ရဲ့ ဖြစ်ခြင်း ပျက်ခြင်းကိုရှု၊၊ ယခုစိတ်ပေါ်ရင် စိတ်ရဲ့ ဖြစ်ခြင်း ပျက်ခြင်းကိုရှု၊ ယခုဓမ္မပေါ်ရင် ဓမ္မရဲ့ ဖြစ်ခြင်း ပျက်ခြင်းကိုရှု....ပေါ်ရာပေါ်ရာ ဖြစ်ခြင်း၊ ပျက်ခြင်းကို ထိထိမိမိရှုနိုင်မှပါဘဲ.....

(တွေးမိသော အတွေးတစ်စပါ)

No comments:

Post a Comment