Nov 28, 2011

၁၀။ သမ္မတလင်ကွန်းနဲ့ ငယ်ချစ်

လင်ကွန်းဟာ သူ့ရဲ့ဇနီး မေရီတော့ဒ်နဲ့ လက်မထက်ခင်မှာ အန်ရူဒ်လစ် ဆိုတဲ့မိန်းခလေးနဲ့ချစ်ကျွမ်းဝင်ခဲ့ပါသေးတယ်။ သူတို့ဟာ ၁၈၃၃ ခုနှစ်ကတည်းကသိကျွမ်းခဲ့တယ်။ အဲဒီမတိုင်ခင်မှာ အန်ရူဒ်ဟာ ကုန်သည် တစ်ဦးနဲ့လက်ထက်ခဲ့ပြီး မကြာခင်မှာပဲလမ်းခွဲကာ လင်ကွန်းနဲ့ချစ်ကြိုက်ခဲ့တယ်။ သူတို့နှစ်ဦးဟာလက်ထက်ဖို့ အထိရည်စူးခဲ့ကြပေမဲ့ ကံမကောင်းစွာနဲ့ အန်ရူဒ်ဟာ ဖျားနာပြီးသေဆုံးခဲ့တာကြောင့် လင်ကွန်းလည်းအကြီးအကျယ်စိတ်ထိ ခိုက်ခဲ့ရတယ်။ လင်ကွန်းဟာအဲဒီအချိန် တွေမှာဘယ်လောက်တောင်စိတ်ထိခိုက်ခဲ့သလဲ ဆိုရင် စိတ်နဲ့ကိုတောင်မကပ်နိုင်တော့ဘဲ နေ့စဉ် မစ်စ္စပီမြစ်ဘေးမှာ သစ်တောတွေထဲမှာ တစ်ကိုယ်တည်းလမ်းတွေလျှောက်တာမျိုးတွေလုပ်ခဲ့တယ်။ တချိုကတော့ လင်ကွန်းရဲ့စိတ်ဓာတ်ကျတတ်မှုတွေက အန်ရူဒ်သေဆုံးပြီးမှ ပိုဆိုးရွားလာတယ် လို့ဆိုကြတယ်။
ဒီလိုနဲ့ ၁၈၄၂မှာ လင်ကွန်းဟာ မေရီတော့ဒ်နဲ့ လက်ထက်တယ်။ လင်ကွန်းနဲ့ သူထက်အသက် ၁၀နှစ်ငယ်တဲ့ မေရီတော့ဒ်တို့ရဲ့ အိမ်ထောင်ရေးဟာ သာယာလှတယ်တော့လည်း မဟုတ်ပါဘူး။ လူသိများခဲ့ရတဲ့ သမ္မတနဲ့ သူ့ဇနီး တို့ရဲ့ အိမ်တွင်းအချင်းများတဲ့ ပြသနာ တခုလည်းရှိပါတယ်။အဲဒါကတော့ သမ္မတလင်ကွန်းဟာ ဧည့်သည်များနဲ့ရှိစဉ် သမ္မတကတော်မေရီတော့ဒ်က သမ္မတမျက်နှာကို ကော်ဖီပူနဲ့ လှမ်းပက်ခဲ့တယ်ဆိုတာပါပဲ။ဒါတင်မကသေး မေရီတော့ဒ်ဟာ လင်ကွန်းကို အာလူးတွေနဲ့ ပစ်ပေါက်တာမျိုးရှိခဲ့သလို မျက်နှာကိုရိုက်နှက်တာမျိုး တွေလည်းလုပ်တတ်ပါတယ်။မည်သို့ပင်ဖြစ်ပစေ သမ္မတလင်ကွန်းလုပ်ကြံခံ ရပြီးနောက် မေရီတော့ဒ်ဟာ သမ္မတရဲ့ စာပျန အခမ်းအနားကိုလိုက်ပါပို့ဆောင်ခြင်းတော့မ ရှိခဲ့ပါဘူး။
ကဲ ဒါကြောင့်သူငယ်ချင်းတို့ရေ လောကကြီးမှာ ဆုံးရှုံးမှုတွေဘယ်လောက်ပဲ ကြီးမားပါစေ အခက်အခဲတွေဘယ်လောက်ပဲ များပြားပါစေ ကိုယ်သွားရမဲ့ခရီးကို သည်းခံခြင်းတွေနဲ့အတူ ဆုံးအောင်သွားနိုင်ဖို့ကြိုးစားနိုင်ရမယ်။ မိမိကိုယ်တိုင်အတွက်လည်း ကာကွယ်နိုင်ရမှာဖြစ်သလိုအများအကျိုးကိုလည်း သယ်ပိုးနိုင်ရမယ်။ လောကကြီးထဲမှာ ဒီလိုလူမျိုးတွေပဲ ကြံ့ကြံ့ခံနိုင်မှာဖြစ်သလို ဒီလိုလူမျိုးတွေပဲ အောင်မြင်မှုရမှာဖြစ်ပါတယ်

No comments:

Post a Comment