Nov 28, 2011

ကဗျာဝေမျှမယ်


ချစ်သူရေ
ကြိုးစားလည်းမေ့လို့မရတဲ့
နင့်အကြောင်းတွေအတွက်
ငါ့ကိုယ်ငါပဲ လွှတ်ချချင်ခဲ့မိတယ်။
အဆုံးမရှိတတ်တဲ့ စိတ်ရဲ့သဘောတရားတွေက
ငါ့အလွမ်းတွေအတွက် ပြေးလမ်းတစ်ခုလိုပဲ
မဖြစ်သင့်ဘူးလို့ သိလိုက်တဲ့အချိန်
ငါဟာ တစ်စုံတစ်ရာအတွက်
အပြစ်သင့်ခဲ့ပြီ။
ဆေးသမားတစ်ယောက်ရဲ့အဖြစ်
ငါမှ အစစ်ပါပဲ ချစ်သူရယ်
မကောင်းမှုမှန်းသိပေမယ့်
အချိန်တန်ရင် ယင်းထနေတတ်တော့
ငါ့အချစ်တွေကို ဘယ်ဆေးရုံမှာ တက်ဖြတ်ရမလဲ?
လွမ်းတာရှိရင် နာတာနဲ့ဖြေတဲ့
နာတာရှိလဲ လွမ်းနေတဲ့ငါ့အတွက်တော့
ဆေးမရှိတဲ့အနာလိုဖြစ်နေပြီပေါ့
ထားခဲ့မယ့်ချစ်သူဆိုတာ သိနေတာတောင်
မထားရက်အောင် မကြိုးစားနိုင်တဲ့ ငါ
နောင်တတော့မရချင်ပါဘူး။
မဆုံနိုင်တဲ့အရပ်က လာခဲ့ကြတဲ့တို့(၂)ဦးဟာ
တကယ်တော့~-
ကြက်ခြေခတ်တစ်ခုရဲ့ ဆုံမှတ်လိုပဲ
ကံကြမ္မာရဲ့ကျီစားမှုကြောင့်
ဆုံမှတ်တစ်ခုဖြစ်ခဲ့ပေမယ့်
ရှေ့ဆက်တိုးလေ ဝေးကွာလေနဲ့
နောက်ဆုံးတော့လည်း
ဒိုင်ယာရီထဲက မှတ်တမ်းတစ်ခုမျှသာပေါ့နော်။

No comments:

Post a Comment