၁။ လေ့လာမှုတွေအရ ညဘက် ခဏ ခဏ လန့်နိုးခြင်းမရှိဘဲ ကောင်းမွန်စွာ အိပ်ပျော်သူ တစ်ယောက်မှာ ခန္ဓာကိုယ် ခုခံအားစနစ်တွေ တိုးပွားစေနိုင်ပြီး တော်ရုံရောဂါတွေလည်း မဖြစ်စေနိုင်ဘူးလို့ ဆိုထားပါတယ်။
၂။ ကလေးငယ်တွေနဲ့ အသက်ကြီးသူတွေဟာ အရွယ်ရောက်ပြီး သူထက် အိပ်ချိန် လုံလောက်ဖို့ လိုပါသတဲ့။ အိပ်ချိန်နည်းလွန်းရင် စိတ်ဖိစီးမှုကို ဖြစ်စေတဲ့ ဟော်မုန်းတွေကို တိုးပွားစေပြီး ကြီးထွားမှု ဟော်မုန်းကို တိုးပွားစေလို့ အိပ်ချိန်လုံလောက်ဖို့ လိုအပ်ပါတယ်လို့ ဆိုပါတယ်။
၃။ ကောင်းစွာအိပ်ပျော်ခြင်းဟာ အင်ဆူလင်ထုတ်လုပ်မှု လုပ်ငန်းဆောင်တာကို တိုးမြှင့်စေတာကြောင့် သွေးချိုဆီးချိုရောဂါ (အမျိုးအစားနှစ်) ကို ကာကွယ်ရာရောက်ပါတယ်လို့လည်း ဆိုထားပါတယ်။
၎။ ခန္ဓာကိုယ် အလေးချိန်ထိန်းသိမ်းလိုသူများအနေနှင့်လည်း ကောင်းမွန် နှစ်ခြိုက်စွာ အိပ်ပျော်စေ ခြင်း ဖြင့် ထိန်းသိမ်းလို့ရပါတယ်တဲ့။ အိပ်စက်ချိန် နည်းပြီး ကောင်းစွာအိပ်မပျော်နိုင်သူအတွက် အဆီလောင် ကျွမ်းမှုနှေးစေပြီး အစာစားချင်စိတ်ကို ဖြစ်ပေါ်စေတဲ့ ဟော်မုန်း ဂရီလင် များစွာထွက်ရှိစေလို့ပါတဲ့။
၅။ ကောင်းမွန်နှစ်ခြိုက်စွာ အိပ်စက်နိုင်ခြင်းကြောင့် မှတ်သားနိုင်စွမ်းရည်မြင့်မားကာ မှတ်ဥာဏ်ကို တိုးပွားစေနိုင်လို့ စွမ်းဆောင်နိုင်စွမ်းတွေကို မြင့်မားစေတယ်လို့လည်း ဆိုထားပါတယ်။
၆။ စိတ်ဖိစီးမှုကင်းပြီး ကြည်လင်နေတဲ့ သင်ရဲ့စိတ်ဟာ ပျော်ရွှင်မှုတွေကို ဖန်တီးပေးနိုင်သလို သင့်ကို ဟာသဥာဏ်တွေတိုးပွားစေနိုင်ပါတယ်။
ကောင်းစွာအိပ်ပျော်တဲ့ အတွက် အထက်ပါ ကောင်းကျိုးတွေ ရရှိခံစားနိုင်သလို ကောင်းစွာအိပ်မပျော်ဘူးဆိုရင် သင့်ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်လို့ ဆိုထားပါတယ

No comments:
Post a Comment