အရင်တစ်ကြိမ်က ဗြဟ္မာကျင့်စဉ် နှင့် ဗြဟ္မာ့ပြည်အကြောင်းကို ဖြေပေးရာက တဆင့် ဘယ်လို ကျင့်စဉ်တွေ ကျင့်ရင် ဗြဟ္မာ့ပြည် ကို ရောက်နိုင်ပါမည်လဲ လို့ အမေးရှိလာတာကြောင့် ဒီဆောင်းပါးကို ထပ်မံရေးသားလိုက်ပါ သည်။
အတိုချုပ်အနေဖြင့် ဗြဟ္မာ့ပြည်ကို ရောက်ကြတယ် ဆိုတာ ပုထုဇဉ်ဘ၀ဖြင့် လောကီဈာန်များကို ရရှိပြီး ဈာန်မလျော ပဲ သေ လွန်လျင် ရောက်နိုင်ကြခြင်း၊ ထို့ထက်အဆင့်မြင့်သော အရိယာအဆင့် သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်အဖြစ်ဖြင့် တဆင့်ဆင့် ကိုရောက်ရှိပြီး လောကုတ္တရာဈာန်များရရှိကာ ရောက်နိုင်ကြခြင်းအားဖြင့် ၂ မျိုးခွဲခြား မှတ်သားနိုင်ပါတယ်။
ထူးခြားချက်အနေဖြင့် လောကီဈာန်ဖြင့် ဗြဟ္မာ့ပြည်ရောက်ရှိသူဟာ လူ့ဘုံ၊ ငရဲဘုံ၊ ပြိတ္တာဘုံ၊ တိရိစ္ဆာန်ဘုံ တမျိုးမျိုးကို ပြန် လည် ရောက်ရှိနိုင်တာကြောင့် မသေချာတဲ့ လမ်းစဉ်လို့ ဆိုနိုင်ပြီး အရိယာများကတော့ လျောကျရိုးထုံးစံ မရှိတာ ကြောင့် ဗြဟ္မာ့ပြ ည်ရောက်ပြီးပါက အောက်ကာမဘုံကို ပြန်မလာတော့ပါဘူး၊
No comments:
Post a Comment