Oct 30, 2011

မြတ်စွာဘုရားရှင် ပဋိသန္ဓေနေစဉ် ရှေ့ပြေးနိမိတ်ကြီး(၃၂)ပါးအကြောင်း


အတုမရှိ၊အတူမရှိ အနန္တဥာဏ်တော်ရှင် ဘုရားဖြစ်တော်မူမည့် ဘုရားလောင်းတော်ကြီးများသည်

ပညာဓိက ဘုရားဆုပန်လျှင်လေးသင်္ချေကမ္ဘာတစ်သိန်းတိတိ(စွန့်ခြင်းငါးပါးနှင့်တကွ ပါရမီတော်(၁၀)ပါး အပြား(၃၀)တို့ကို အတုမရှိဖြည်ကျင့်ဆည်းပူးရလေသည်)။

သဒ္ဓါဓိကဘုရားဆုပန်လျှင် ရှစ်သင်္ချေနဲ့ ကမ္ဘာတစ်သိန်း

၊ဝီရိယဓိက ဘုရားဆုပန်လျှင် ဆယ့်ခြောက်သင်္ချေနဲ့ ကမ္ဘာတစ်သိန်းဖြည့်ကျင့်ဆည်းပူးရပါတယ်။

ထို့ကဲ့သို့ဖြည့်ကျင့်ဆည်းပူးတော်မူသောကြောင့် အသဒိသ၊အတုလ၊ဆ,အသာဓာရဏရွှေဥာဏ်တော်ရှင်ဖြစ်တော်မူမည့်ဘဝမှာ

ယူဇနာပေါင်း(၂)သိန်း၊(၄)သောင်းရှိသော မြေအထု၊ ယူဇနာပေါင်း(၄)သိန်း၊(၈)သောင်းရှိသော ရေအထု၊

ယူဇနာပေါင်း(၉)သိန်း၊(၆)သောင်းရှိသော လေအထု၊

ယူဇနာပေါင်း(၁)သန်း၊(၉)သိန်း (၂)သောင်းရှိသော မီးအထု

မဟာဘူတဓာတ်ကြီးလေးပါး၏ အဆောက်အဦးဖြစ်သော ဘုံ(၃၁)၊စကြဝဠာ၊ထိုစကြဝဠာတိုက်ပေါင်း(၁၀၀၀၀)ကို

(၁)။ဘုရားလောင်းတော် ပဋိသန္ဓေနေသည်နှင့် မနှိုင်းယှဉ်နိုင်သော အလင်းရောင်ကြီးသည် ပျံ့နှံ့၏။

(၂)။ဘုရားလောင်းတော်၏ ဘုန်းအသရေတော်ကို ဖူးမျှော်လိုကြသည့်ပမာ

မျက်စေ့နှစ်ကွင်းအလင်းမရသူတို့သည် ထိုခဏ၌ မျက်စိနှစ်ကွင်းအလင်းရ၍ မြင်ကြကုန်၏။

No comments:

Post a Comment