သီတာ…………………..
ဟုတ်တယ်၊…
မင်းဟာ ရာမယနဇာတ်တော်ထဲက မယ်သီတာ။
ဒါပေမဲ့ …
သစ္စာဆိုပြတိုင်းယုံတတ်တာ …ငါမဟုတ်ဘူး၊
မချစ်ဘူး၊ မချစ်ဘူး….
အခါခါငြင်းခဲ့ဖူးတာဟာ….
မင်းနှလုံးသားက တဏှာကိုလှည့်စား…
ပါဝါ ကိုငဲ့သွားတာကြောင့်ပါ…သီတာ….။
အချစ်ဆိုတာ ရီစရာမဟုတ်သလို…
ပလီပလာလုပ်လို့လည်း မဖြစ်ပြန်တော့
ဘာညာမဆို….ပါဝါကို မင်းကချစ်…
တိုင်းပြည်ပျက်တဲ့ ဒဿဂီရိကို မင်း ထားရစ်ခဲ့တာ
မိန်းမတို့မာယာ…..
သြော်………တနည်းအားဖြင့်တော့
စိမ်းကားလို့အသာခွာ….
မင်းရဲ့ရင်မှာ….လေ…
တိမ်းပါးလို့သာယာ….
(ခုတော့)ရာမမှ ရာမပါတဲ့လား……သီတာ။
ချစ်ချင်းဟာ ညာမရ…
ငါက ..ဒႆဂီၤရိ
ခ်စ္မိတဲ့အျပစ္ပဲရွိတာ
အမှန်ကိုဝန်ခံခဲ့ပါရဲ့။
ဒါနဲ့တောင်…….ရာဇ၀င်မှာ …
လူဆိုးဖြစ်သွားတာ မကျေနပ်
အဲဒီ..ရာမက တဏှာရူး
နောက်ပြီး…..အာဏာလည်းရူးပေါ့။
ငါ့မှာတော့….
တိုင်းပြည်လည်းပျက်…
အချစ်ပျက်လို့
အသက်လည်းသေ
ခန္ဓာဝေကြွေပြုန်း
နောက်ဆုံးတစ်ချက်
နာမည်ပါပျက်ခဲ့ရ….
သဘာဝမှကျရဲ့လား ….. သီတာ
သဘာဝမှကျရဲ့လား……။ ။
ဟုတ်တယ်၊…
မင်းဟာ ရာမယနဇာတ်တော်ထဲက မယ်သီတာ။
ဒါပေမဲ့ …
သစ္စာဆိုပြတိုင်းယုံတတ်တာ …ငါမဟုတ်ဘူး၊
မချစ်ဘူး၊ မချစ်ဘူး….
အခါခါငြင်းခဲ့ဖူးတာဟာ….
မင်းနှလုံးသားက တဏှာကိုလှည့်စား…
ပါဝါ ကိုငဲ့သွားတာကြောင့်ပါ…သီတာ….။
အချစ်ဆိုတာ ရီစရာမဟုတ်သလို…
ပလီပလာလုပ်လို့လည်း မဖြစ်ပြန်တော့
ဘာညာမဆို….ပါဝါကို မင်းကချစ်…
တိုင်းပြည်ပျက်တဲ့ ဒဿဂီရိကို မင်း ထားရစ်ခဲ့တာ
မိန်းမတို့မာယာ…..
သြော်………တနည်းအားဖြင့်တော့
စိမ်းကားလို့အသာခွာ….
မင်းရဲ့ရင်မှာ….လေ…
တိမ်းပါးလို့သာယာ….
(ခုတော့)ရာမမှ ရာမပါတဲ့လား……သီတာ။
ချစ်ချင်းဟာ ညာမရ…
ငါက ..ဒႆဂီၤရိ
ခ်စ္မိတဲ့အျပစ္ပဲရွိတာ
အမှန်ကိုဝန်ခံခဲ့ပါရဲ့။
ဒါနဲ့တောင်…….ရာဇ၀င်မှာ …
လူဆိုးဖြစ်သွားတာ မကျေနပ်
အဲဒီ..ရာမက တဏှာရူး
နောက်ပြီး…..အာဏာလည်းရူးပေါ့။
ငါ့မှာတော့….
တိုင်းပြည်လည်းပျက်…
အချစ်ပျက်လို့
အသက်လည်းသေ
ခန္ဓာဝေကြွေပြုန်း
နောက်ဆုံးတစ်ချက်
နာမည်ပါပျက်ခဲ့ရ….
သဘာဝမှကျရဲ့လား ….. သီတာ
သဘာဝမှကျရဲ့လား……။ ။
No comments:
Post a Comment