Showing posts with label ရသများ. Show all posts

Aug 18, 2012
Jul 28, 2012
Jul 16, 2012
သူငယ်ချင်း မင်း ဘ၀အတွက် စကားလေးတစ်ခွန်း လက်ဆောင်ပါ ...
သူငယ်ချင်းတွေနဲ့အတူရှိနေချိန် ဟာ အိပ်မက်တစ်ခုဆိုရင် ... ... ငါဘယ်တော့မှ
နိုးထဖို့မကြိုးစားတော့ဘူး သူငယ်ချင်း..........မင်းအားငယ် နေလား..........
အားတင်းထားပါ.. ဆုံးရှုံးမှုဆိုတဲ့နတ်ဆိုးကို
မင်းမျိုးဖြုတ်ပစ်နိုင်ပါတယ် ။ ++++++++++++++++++++++++++++++ ++++++++
သူငယ်ချင်း..........အရမ်းဝမ်း နည်းနေလား...... မင်းမျက်ရည်တွေသုတ်ပစ်လိုက်
သူတို့ကမင်းရဲ့စိတ်ဓါတ်ကို ပျော့ညံ့ညံ့ ဖြစ်စေတယ်။
++++++++++++++++++++++++++++++ ++++++++ သူငယ်ချင်း..........စိတ်ပျက်ေ
နပြီလား.......... ကိုယ့်ဘ၀ကိုယ် အမှန်အတိုင်းကြည့် မင်းမြင်ရတဲ့ အရာကို
လှေကားထစ်လို နင်းတက်စမ်းပါ။ ++++++++++++++++++++++++++++++ ++++++++
သူငယ်ချင်း..........ရင်ဖွင့်ချ င်လား........ မျိုသိပ်မထားပါနဲ့
အဲဒါကိုအစကနေ စပြော ငါတို့..နားထောင်နေတယ်။ ++++++++++++++++++++++++++++++
++++++++ သူငယ်ချင်း..........အသည်း ကွဲ နေလား.....
ဒါဆို...မင်းကံကောင်းပြီ အဲဒီ့တစ်ယောက် က မင်းအချစ်နဲ့ မတန်သေးဘူး။
++++++++++++++++++++++++++++++ ++++++++ သူငယ်ချင်း..........အထီးကျန်ေ
နလား.......... တစ်ယောက်တည်း မနေနဲ့ ငါတို့နဲ့ အတူ ခံစားမှုဆိုတဲ့
..စနက်တံကိုမီးဝိုင်း ရှို့မယ်။ ++++++++++++++++++++++++++++++ ++++++++
သူငယ်ချင်း..........မင်းကို သူတို့ အထင်သေးနေလား.... ဒေါသမဖြစ်နဲ့ မင်းရဲ့
မြှုပ်နေတဲ့အရည်အသွေးတွေ သူတို့ မြင်နိုင်စွမ်းမရှိသေးလို့ပါ။
++++++++++++++++++++++++++++++ ++++++++ သူငယ်ချင်း..........မင်း.....
ပန်းတိုင်ရောက်ပြီလား....... တက်.....မထောင်နဲ့ဦး ငါနောက် လှေ
ကြည့်လိုက်ဦးမယ်။ ++++++++++++++++++++++++++++++ ++++++++
သူငယ်ချင်း..........မင်းဘ၀အော င်မြင်ပြီလား....... ဂုဏ်ယူပါတယ်
မင်းရဲ့နောက်မှာ(မင်းရဲ့ရှေ့မှာ ) မင်းသူငယ်ချင်းတွေ....လက်ခုပ်တီ
းနေကြတယ်..................... ++++++++++++++++++++++++++++++++++++++
သူငယ်ချင်း ... မင်းဘ၀မှာ တစ်ခါမှ မရဘူးတဲ့ အရာကို လိုချင်ရင် တယ်ဆိုရင်
... မင်းတစ်ခါမှ မလုပ်ဘူးတဲ့ အလုပ်မျိုးကို လုပ်ဖို့ လိုလိမ့်မယ်...။ ဘ၀ရဲ့
ခေါ်ရာကို မလိုက်နဲ့ ... မင်းသွားချင်တဲ့ ဆီ ဘ၀ကို ခေါ်သွား .... ။
ရှင်သန်နေထိုင်ဖို့ အတွက် မင်းဖွေးလာတာ မွေးဖွားလာလို့ ရှင်သန်နေရတာ
မဟုတ်ဘူး .... ။ လူဆိုတာ မွေးတစ်နေ့ သေတစ်နေ့ပဲ . ဘာမှ လွမ်းဆွေး တမ်းတ
နေဖို့ မလိုဘူးလေ ... ရှေ့ကို ဆက်ပြီးလျှောက်ပါ သူငယ်ချင်း ... နေမ၀င်သရွေ့
ဘ၀ ကို ဘယ်တော့မှ အရှုံးမပေးနဲ့ သူငယ်ချင်းရေ ...... မင်းအတွက် လိုအပ်လာတဲ့
အခါ လှမ်းခေါ်လိုက်ပါ ... အဖော်မွန်းကောင်းဆိုတာ ဘ၀မှာ မရှိမဖြစ်ပါ
Jul 15, 2012
သင်သည် မည်သည့်အခါကမျှ တစ်ယောက်တည်းမဟုတ်ခဲ့ပါ။
အရာရာတိုင်းမှာတိုက်ဆိုင်မှုဆိုတာ ရှိတတ်စမြဲပါပဲ။
တကူးတကဖန်တီးတဲ့တိုက်ဆိုင်မှုတွေရှိသလို အမှတ်တမဲ့ ဖြစ်တည်တဲ့
တိုက်ဆိုင်မှုတွေလဲ ရှိပါတယ်။ ဘယ်ဘာသာအယူအဆမှာပဲဖြစ်ဖြစ်ပါ။ သေချာသတိထားပြီး
လေ့လာကြည့်ရင် သိနိုင်ပါတယ်။
`ကံကြမ္မာ´ ဆိုတာ သူ့အလိုလို ဖန်တီးပြီးသားပါ။ လူတွေ ဘာကြောင့်ချစ်ကြပါသလဲ။ ဘယ်လိုချစ်မိသွားကြတာပါလဲ။
……ဒီမေးခွန်းတွေကို ဘယ်သူမှ အတိအကျ မဖြေနိုင်ကြပါဘူး။ တကယ်တော့….တိုက်ဆိုင်မှုကြောင့်သာ ချစ်မိသွားကြတာပါ။
တစ်ခုသတိပြုစေချင်ပါတယ်။ ဒီနေရာမှာ ပြောခဲ့တဲ့ အချစ်ဆိုတာ… ပညတ်ချက်မပါတဲ့ အချစ်ကိုသာဆိုလိုချင်တာပါ။ ၁၅၀၀ အချစ်လို့ပြောနေကြတဲ့ ဖိုမ အချစ်ကိုသာ မရည်ညွှန်းပါဘူး။ မိန်းကလေးနဲ့ ယောက်ျားလေး၊ မိန်းကလေးချင်း၊ ယောက်ျားလေးချင်း၊ သူငယ်ချင်း၊ မိတ်ဆွေ၊ မိသားစု အစရှိသဖြင့်…လူသားတိုင်းကိုသာ ရည်ညွှန်းပါတယ်။ ဒါကြောင့်လဲ … မိန်းကလေးချင်းမှာလဲ - အချစ်ဆုံးမိန်းကလေးသူငယ်ချင်း၊ ယောက်ျားလေးချင်းမှာလဲ - အချစ်ဆုံးယောက်ျားလေးသူငယ်ချင်းဆိုပြီး အချစ်ဆုံးသူငယ်ချင်း၊ အရင်းနှီးဆုံးမိတ်ဆွေ ဆိုတဲ့ ဝေါဟာရဖြစ်ပေါ်လာတာဖြစ်ပါတယ်။
အားလုံးသော စာဖတ်သူတွေကို သေချာပြန်စဉ်းစားကြည့် စေချင်ပါတယ်။
ကံကြမ္မာက.........
အသည်းကွဲနေတဲ့သူ ကို အသည်းကွဲဖူးတဲ့ သူနဲ့တွေ့ဆုံစေပါတယ်။
အိမ်ထောင်ရေးသောက ရောက်နေတဲ့သူကို အိမ်ထောင်ရေးသောက ကြုံဖူးတဲ့သူနဲ့ တွေ့ဆုံစေပါတယ်။
မိဘကြောင့် စိတ်ဆင်းရဲ နေတဲ့သူကို မိဘကြောင့်စိတ်ဆင်းရဲဖူးသူနဲ့ တွေ့ဆုံစေပါတယ်။
သားသမီးကြောင့်ပူပင်ကြောင့်ကြ ဖြစ်ရသူကို သားသမီးကြောင့်ပူပင်ကြောင့်ကြ ဖြစ်ဖူးသူနဲ့ တွေ့ဆုံစေပါတယ်။
ငွေကြေးကြောင့် စိတ်ညစ်ရသူကို ငွေကြေးကြောင့် စိတ်ညစ်ရဖူးသူနဲ့ တွေ့ဆုံစေပါတယ်။
(တစ်ခါတစ်လေမှာတော့လည်း…………………………………… ဒီအချက်တွေနဲ့ပြောင်းပြန်အချိုးကျတဲ့ သူမျိုးနဲ့ လဲ တွေ့ဆုံပေးတတ်ပါတယ်။ဥပမာ- ငွေကြေးကြောင့် စိတ်ညစ်ရသူကို ငွေကြေးကြောင့်စိတ်ညစ်စရာမရှိသူမျိုးနဲ့တွေ့ဆုံပေးပါတယ်။)
ဘယ်လိုပဲဖြစ်နေပါစေ ကိုယ်စိတ်ညစ်နေတဲ့ ကိစ္စတွေအတွက် နားလည်ပေးနိုင်မယ့်သူ၊ ဖြေရှင်းပေးနိုင်မယ့်သူ၊ ကူညီပေးနိုင်မယ့်သူ၊ ဖြေသိမ့်ပေးနိုင်မယ့်သူ တစ်ယောက်ယောက်ကို ကံကြမ္မာက ဖန်တီးပေးထားပြီးသားပါ။ အချိန်မတိုင်လို့ မတွေ့ဆုံဖြစ်သေးတာမျိုးသာရှိနိုင်ပါတယ်။
နိုင်းနိုင်းစနေ ရေးသားထားတဲ့…ဒဿန ဇာတ်လမ်းလေးတစ်ခုကိုဖတ်ခဲ့ဖူးပါတယ်။ ကိုယ်ကိုယ့်ကို သေကြောင်းကြံခဲ့တဲ့ လူတစ်ယောက်ရဲ့ သဘောထားလေးအကြောင်းပါ။ အဲဒီလူဟာ ကိုယ့်ကိုယ်ကို သတ်မသေခင်မှာတော့..လောကမှာ သူ့လောက်ဒုက္ခဆင်းရဲ များပြားတဲ့သူ မရှိဘူးလို့ထင်ခဲ့ပါတယ်။ ဒါပေမယ့်..သူတိုက်ပေါ်က ခုန်ချနေစဉ်လေးအတွင်းမှာပဲ..ဒီလို ကြုံတွေ့နေရတဲ့..ဒုက္ခဆင်းရဲတွေဟာ သူ့တစ်ယောက်တည်းမှာ ဖြစ်ပေါ်နေတာမဟုတ်မှန်းသိလိုက်ရပေမယ့် သိနောက်ကျသွားပြီဆိုတာမျိုးလေးကို ရေးထားတာပါ။
ဒါကြောင့်….အကယ်၍များ သင့်မှာ စိတ်ညစ်စရာ ကိစ္စများကြုံတွေ့လာခဲ့ရင်… မည်သူ့ကိုမဆို ရင်ဖွင့်တိုင်ပင်ကြည့်လိုက်ပါ။ ဒီလူ့လောကထဲက လူများစွာကြားထဲမှာ… သင့်ဒုက္ခကို၊ သင့်စိတ်ဆင်းရဲမှုကို စာနာနားလည်ပေးနိုင်မယ့်သူ၊သင့်ကိုချစ်တဲ့သူ(သို့မဟုတ်) သင်က ချစ်တဲ့သူ… တစ်ယောက်တော့ ကံကြမ္မာက ဖန်တီးပေးထားပါတယ်။ ရှာဖွေရမှာသင့်တာဝန်ပါ။ သင့်ကိုယ်သင် အထီးကျန်ဆန်တယ်ဆိုတဲ့ ခံစားချက်ကို ထာဝရမေ့ပစ်လိုက်ပါ။ သင့်ဘေးမှာ၊ သင့်ပတ်ဝန်းကျင်မှာ လူများစွာရှိပါတယ်။ သင်သည် မည်သည့်အခါကမျှ တစ်ယောက်တည်းမဟုတ်ခဲ့ပါ။

Jul 10, 2012
နားလည်ပေးနိုင်အောင်ကြိုးစားကြည့်ပါ
ကိုယ်တကယ်ချစ်တဲ့သူနဲ့ ဆုံတဲ့အခါ သူနဲ့ တသက်တာလက်တွဲနိုင်ဖို့ ကြိုးစားပါ...
သူမရှိတော့ရင် အရာအားလုံးကနှောင်းသွားလိမ့်မရ်...
ကိုယ်ယုံကြည်ရတဲ့ သူငယ်ချင်းနဲ့ ဆုံတဲ့အခါ သင့်မြတ်အောင်နေထိုင်နိုင်ဖို့ ကြိုးစားပါ...
ဘ၀တစ်လျှောက်မှာ ကိုယ်နဲ့ သဘောထားချင်းတိုက်ဆိုင်သူ ဆုံဖို့ ဆိုတာ မလွယ်ပါဘူး...
ကိုယ့်ဘ၀ကို ကူညီတဲ့သူနဲ့ ဆုံတဲ့အခါ သူ့ ကျေးဇူးကိုမှတ်ထားပါ...
သူဟာကိုယ့်ဘ၀ကို လှည့်ပြောင်းပေးခဲ့သူဖြစ်လို့ ပါ...
ကိုယ်ချစ်ခဲ့ဖူးတဲ့သူနဲ့ ဆုံတဲ့အခါ ပြုံးပြပြီး ကျေးဇူးတင်ကြောင်းပြောပါ...
သူ့ ကြောင့် အချစ်ကို ပိုနားလည်စေခဲ့လို့ ပါ...
ကိုယ်မုန်းခဲ့ဖူးတဲ့သူနဲ့ ဆုံတဲ့အခါ ပြုံပြပြီး နှုတ်ဆက်လိုက်ပါ...
သူ့ ကြောင့် ပိုကြံခိုင်ခဲ့လို့ ပါ...
ကိုယ်နဲ့ အတူတူနေနေတဲ့ ကိုယ့်ကိုဖော်ပြုပေးနေတဲ့သူကို ကျေးဇူးတင်ပါ...
သူ့ ကြောင့် ပျော်ရွှင်မှူနှင့်ချစ်ခြင်းမေတ္တာကို ရရှိနေလို့ ပါ...
ကိုယ့်ကိုသစ္စာဖောက်သွားသူနဲ့ ဆုံတဲ့အခါ ခေါ်ပြောနှုတ်ဆက်လိုက်ပါ...
သူ့ ကြောင့် လောကကြီးအကြောင်း ကိုယ်နားလည်ခဲ့လို့ ပါ...
ကိုယ်တိတ်တခိုးချစ်ခဲ့နဲ့ ဆုံတဲ့အခါ သူပျော်ရွှင်ဖို့ ဆုတောင်းပါ...
သူ့ ကို ကိုယ်ချစ်ခဲ့စဉ်က သူပျော်နေတာကိုပဲ မြင်ချင်ခဲ့လို့ ပါ...
ကိုယ့်ကိုထားခဲ့တဲ့သူနဲ့ ဆုံတဲ့အခါ ကျေးဇူးတင်ကြောင်းပြောပါ...
ကိုယ့်ဘ၀မှာ အမှတ်တရမတိတ်ခြေရာလေးတွေ ထင်ကျန်အောင်သူနင်းလျှောက်ခဲ့လို့ ပါ...
တခါပဲဖြစ်ခွင့်ရတဲ့ ဘ၀မှာ လုပ်ခွင့်ရတဲ့ အခွင့်အရေးဟာလဲ တခါပဲရှိပါတရ်.....

ကောင်းလိုက်တဲ့စာသား
ဘ၀မှာကိုယ်ဒူးကိုယ်ချွန်အောင်မြင်ချင်တဲ့လူဟာ
အစပိုင်းမှာ အနစ်နာခံနိင်ဖို့လိုပါတယ် ….
ပြီးတော့
မလုပ်ရသေးပဲ မဖြစ်နိင်ဘူးလို့ မပြောပါနဲ့
အလွယ်တကူလက်မလျှော့ပါနဲ့
ကိစ္စတိုင်းမှာ သူ့အဖြေနဲ့သူရှိပါတယ်
ပုံမှန် သမားရိုးကျတွေးလို့မရတဲ့ ကိစ္စတွေမှာ ပုံမှန် ထဲကဖေါက်ထွက်ပြီး တွေးကြည့်ဖို့လိုတယ်ဆိုတာလေးတော့ပြောပါရစေ ..
ထပ်ပြီး မှာပါရစေ .......
1. ဘာကိုပဲ ဖြစ်ဖြစ် အလွယ်တကူ အလျော့မပေးပါနဲ့
မလုပ်ကြည့်ရသေးပဲ မရဘူးမပြောပါနဲ့
2. အောင်မြင်မှုရဲ့ အခြေခံမှာ ဆုံးရှုံးမှုနဲ့ အနစ်နာခံမှုတွေပါပါတယ်ဆိုတာ မမေ့ပါနဲ့
အားလုံး အောင်မြင်ပျော်ရွှင်တဲ့ဘ၀တွေကိုပိုင်ဆိုင်ကြပါစေ

Jul 5, 2012
ပညာရှိနှင့်လှေထိုးသား
တစ်ခါက နာမည်ကြီး တက္ကသိုလ်မှ ဆရာတစ်ဦးသည် ချောင်ကျသော ရွာတစ်ရွာသို့
သွားရောက် လည်ပတ်ခဲ့သည်။ ရွာသို့ရောက်သော် လှေတစီးငှားပြီး
မြစ်တစ်လျှောက် လည်ပတ်ခဲ့သည်။ လှေစတင်ထွက်သောအခါ ဆရာက လှေသမားအား......
" ခင္ဗ်ား သခ်ာၤေဗဒတတ္သလား"
" ကျွန်တော် မတတ်ပါဘူး"
"ရူပဗေဒ တတ်သလား"
"ဒါလဲ မတတ်ပါဘူး"
"ဒါဆိုရင် ခင်ဗျား ကွန်ပြူတာသုံးတတ်သလား"
"စိတ်မကောင်းပါဘူး...ဒါလဲ ကျွန်တော်မတတ်ပါဘူး"
ဆရာမှာ ခေါင်းခါပြီး "သချာင်္မတတ်ရင် လူ့ဘ၀ရဲ့ ၆ပုံ၂ပုံကို ခင်ဗျားဆုံးရှုံးမယ်"
"ရူပဗေဒ မတတ်ရင် လူ့ဘ၀ရဲ့ ၆ပုံ၁ပုံကို ဆုံးရှုံးမယ်"
"ကွန်ပြူတာ မတတ်ရင် လူ့ဘ၀ရဲ့ ၆ပုံ၁ပုံကို ဆုံးရှုံးမယ်..ခင်ဗျားရဲ့ ဘဝ
၆ပုံ၎ပုံဟာ ဆုံးရှုံးသွားပြီပဲ"
ထိုခဏအတွင်း ရာသီဥတု ပြောင်းပြီး ကောင်းကင်တွင် တိမ်ညိုများ တက်လာသည်။
မကြာမီ မိုးသက်လေပြင်း ကျရောက်တော့မည်။ ထိုအခါ လှေသမားက ဆရာအား " ခင်ဗျား
ရေကူးတတ်သလား" ဟုမေးလိုက်သည်။ ဆရာက ခဏမျှ ဆွံအပြီး "ကျွန်တော်
မကူးတတ်ဘူး။ တစ်ခါမှ မသင်ဖူးဘူး" ဟုပြန်ဖြေလေသည်။
လှေသမားမှာ ခေါင်းကိုသွင်သွင် ရမ်းပြီး.." ဒါဆိုရင် ခင်ဗျားရဲ့ဘဝ
၆ပုံစလုံးဟာ ဆုံးရှုံးရတော့မယ်" ဟု ပြန်ဖြေခဲ့သည်။
လူတယောက်ဟာ ကိုယ့်ရဲ့ အဆင့်အတန်း ကိုယ့်ရဲ့ စံချိန်နဲ့
အခြားလူတစ်ယောက်ကို သွားတိုင်းတာလို့ မရပါဘူး။ ပုံပြင်ထဲက ဆရာဟာ
ပညာရှင်တစ်ဦးပါ။ သူ့ဘ၀မှာသချာင်္၊ ရူပ၊ ကွန်ပြူတာ ပညာတွေသာ
အရေးကြီးတယ်လို့ ထင်နေသူပါ။ ဒီပညာတွေသာ မတတ်ရင် လူ့ဘ၀ဟာ
အဓိပ္ပါယ်မဲ့ပြီလို့ ထင်နေသူပါ။ ဒါဟာ ပညာရှင်တွေရဲ့ အယူအဆပါ။
လှေသမားအတွက်ကတော့ သူ့အတွက် ဒီပညာ မတတ်လဲ ဘာမှမဖြစ်ဘူး။ အရေးကြီးတာက
သူ့အတွက် "ရှင်သန်" ဖို့ အားအင်တွေ ရှိနေဖို့ပဲ။ ဒါပေမဲ့ အရေးကြုံလာတဲ့
အချိန်မှာ ဆရာတတ်ထားတဲ့ ပညာဟာ ဘာမှ အသုံးမ၀င်ခဲ့ဘူး။ လှေမှောက်သွားရင်
ရေကူးတတ်တဲ့ လူသာ အသက်ရှင်ခွင့်ရမှာပါ။
တပါးသူကို အထင်မသေးပါနဲ့။
"ငါ"ဆိုတဲ့ ကိုယ့်စံနူန်းနဲ့ အမှားအမှန်ကို မခွဲခြားပါနဲ့။
ဟိုလူမှာ ထီထွင်ဥာဏ်မရှိဘူး ဒါပေမဲ့ သူဟာ ရိုးသားတယ် မကောင်းတာကို
မကြံစည်တတ်ဘူး။ ဒီလူဟာ အပြောအဆို မတတ်ဘူး။ ဒါပေမဲ့ သူဟာ အလုပ်ကို
ကြိုးစားတယ်။ ဖြောင့်မတ်တယ်။ မခိုမကပ်ဘူး။ ငါရဲ့ "အရည်အချင်း" သူ့မှာ
မရှိသလို သူ့ရဲ့ "အရည်အချင်း"လဲ ငါ့မှာ မရှိဘူး ဆိုတာကို ဘယ်တော့မှ
မမေ့ပါနဲ့
--
ကိုယ်ယုံကြည်ရတဲ့ သူငယ်ချင်းနဲ့ ဆုံတဲ့အခါ သင့်မြတ်အောင်နေထိုင်နိုင်ဖို့
ကြိုးစားပါ။
ဘ၀တစ်လျှောက်မှာ ကိုယ်နဲ့သဘောထားချင်း တိုက်ဆိုင်သူနဲ့ ဆုံဖို့ဆိုတာ
မလွယ်လှဘူး။

Dec 20, 2011
Fwd:အချစ်အကြောင်း အသက်အရွယ်အလိုက်ပြောင်းလဲလာပုံ............
အချစ်အကြောင်း အသက်အရွယ်အလိုက်ပြောင်းလဲလာပုံ
အချစ်မှာ အချိန်၊ အကွာအဝေး၊ နေရာဒေသ၊ လူမျိုးဘာသာ ကန့်သတ်မူ မရှိပါဘူး။
(၅)နှစ် အရွယ်တုန်းက ငါနင့်ကို ချစ်တယ်လို့ ပြောတယ်။
နင်ခေါင်းကိုငဲ့ပြီး မျက်လုံးဝိုင်းလေးကို ပုတ်ခတ်ရင်း အဲဒါ ဘာအဓိပ္ပယ်လည်းလို့ ငါ့ကိုမေးခဲ့တယ်။
(၁၅)နှစ် အရွယ်တုန်းက ငါနင့်ကို ချစ်တယ်လို့ ပြောတယ်။
အင်္ကျီအနားစကို အဓိပ္ပယ်မဲ့ လုံးချေ ကစားရင်း ခေါင်းလေးကိုငုံ့ ရှက်သွေးတွေဖြာပြီး နင်ပြုံးနေခဲ့တယ်။
(၂၀)နှစ် အရွယ်တုန်းက ငါနင့်ကို ချစ်တယ်လို့ ပြောတယ်။
ငါ့ပုခုံးထက်မှာ ခေါင်းလေးကို မှီပြီး ငါပျောက်ကွယ်သွားမှာကို စိုးတဲ့အလား ငါ့လက်မောင်းကို နင်တင်းတင်းလေး
ဖက်ထားတယ်။
(၂၅)နှစ် အရွယ်တုန်းက ငါနင့်ကို ချစ်တယ်လို့ ပြောတယ်။
မနက်စာကို ပြင်ဆင်ရင်း ငါ့နဖူးကို တစ်ချက်နမ်းပြီး "သိပါတယ်...ထပါတော့ လူပျင်းလေးရယ်"လို့ ချစ်စနိုးနဲ့ နင်ပြောခဲ့တယ်။
(၃၀) အရွယ်တုန်းက ငါနင့်ကို ချစ်တယ်လို့ ပြောတယ်။
"တကယ်ချစ်ရင် ရုံးဆင်းချိန် လျှောက်မလည်နဲ့၊ မှာတဲ့ ပစ္စည်းတွေကိုလည်း ၀ယ်ခဲ့ဖို့ မမေ့နဲ့" လို့
နင်ရယ်ပြီး ပြောခဲ့တယ်။
(၄၀) အရွယ်တုန်းက ငါနင့်ကိုချစ်တယ်လို့ ပြောတယ်။
ပန်းကန်တွေ သိမ်းရင်း "ကောင်းပါပြီ...ကောင်းပါပြီ ကလေးတွေကို စာပြလိုက်ပါဦး" လို့ နင်စိတ်မရှည်စွာ ပြောခဲ့တယ်။
(၅၀) အရွယ်တုန်းက ငါနင့်ကိုချစ်တယ်လို့ ပြောတယ်။
သိုးမွှေးချည်ကို ထိုးရင်း "တကယ်လား...နင့်စိတ်ထဲမှာ ငါ့ကိုစောစော သေစေချင်နေတယ် မဟုတ်လား"လို့
ပြောပြီး တခစ်ခစ်နဲ့ နင်ရယ်ခဲ့တယ်။
(၆၀) အရွယ်တုန်းက ငါနင့်ကိုချစ်တယ်လို့ ပြောတယ်။
ငါ့လက်မောင်းကို တစ်ချက်ထုရင်း "အဘိုးကြီး..မြေးတွေတောင် ကြီးနေပြီ အပြောက မက်တုန်း" လို့ ပြောခဲ့တယ်။
(၇၀) အရွယ်တုန်းက မျက်မှန်ထူထူကိုတပ် ငါတို့ခုန်ပေါ်မှာ တူတူထိုင်ပြီး လွန်ခဲ့တဲ့ အနှစ်၅၀က ဓာတ်ပုံတွေကို ကြည့်နေခဲ့တယ်။ နင့်ရဲ့ တွန့်ကြေနေတဲ့ လက်ကို ငါဆုတ်ကိုင်ရင်း ငါနင့်ကို ချစ်တယ်လို့ ပြောတယ်။ အကြင်နာတွေ
ပြည့်နေတဲ့ မျက်လုံးနဲ့ နင်ငါ့ကို ကြည့်နေခဲ့တယ်။ အရစ်ကြောင်းတွေနဲ့
တွန့်ကြေနေပေမဲ့ နင်ရဲ့မျက်နှာဟာ လှပနေဆဲပါ။
(၈၀) အရွယ်တုန်းက ငါနင့်ကိုချစ်တယ်လို့ ပြောတယ်။
နင် လှဲလျောင်းနေတယ်....ငါငိုနေတယ်။ နောက်ဆုံးတစ်ခွန်း နင်ပြောခဲ့တယ် "ငါ.....နင့်....ကို...ချစ်...တယ်"
ငါ့ဘ၀မှာ အပျော်ဆုံးနဲ့ ၀မ်းအနည်းဆုံး နေ့တစ်နေ့ပါပဲ။
အချစ်စစ်ဟာ အချိန်ကို ကျော်ဖြတ်တယ်။
အချစ်စစ်ဟာ အကွာအဝေးကို ကျော်ဖြတ်တယ်။
အချစ်စစ်ဟာ နေရာဒေသကို ကျော်ဖြတ်တယ်။
အချစ်ကို တန်ဖိုးထားတတ်ဖို့၊ မြတ်နိုးတတ်ဖို့နဲ့ နားလည်တတ်ဖို့ပဲ လိုတယ်............

ကျွှန်တော့နားထဲကို စွဲထင်နေသော စကားတခွန်း
"လူအိုများ ပျောရွှင် ပညာမတတ်သည့်ကလေး မရှိ
အကျဉ်းသားနည်းသောထောင် သူတောင်စားကင်းသေားလမ်း လို့ ပြောနိုင်တဲ့ သူမှသာ ထိပ်တန်းကျ အစိုး၇လို့ခေါ်တယ်"

ကိုးကွဃ်မှု
လူတွေပာာ ဘေးကိုကြောက်လို့ ၊ သား သမီး စသည်ကို လိုချင်လို့ တောင်တွေ ၊ တောတွေ ၊ အာရာမ် ၊ သစ်ပင် ၊ စေတီတွေကို အများကြီးပဲ ကိုးကွဃ်ကြတဃ်။ အဲဒီကိုးကွဃ်မှုပာာ မငြိမ်းချမ်း ၊ မမြတ် ၊ ဆင်းရဲအားလုံးမှ မလွတ်စေနိုင်။
ဘုရား ၊ တရား ၊ သံဃာ ရတနာသုံးပါးကို ကိုးကွဃ်ပြီး အရိဃ သစ္စာလေးပါးကို သိမြင်သူရဲ့ ကိုးကွဃ်မှုပာာ ငြိမ်းချမ်းတဃ် ၊ မြတ်တဃ် ၊ ဆင်းရဲအားလုံးမှ လွတ်စေနိုင်တဃ်။ ( ဓမ္မပဒပါဠိ ၊ ၄၁ )
ကြိုဆိုကြတဃ်
အရပ်ဝေးမှာ ကြာမြင့်စွာနေခဲ့ပြီး ကျန်းကျန်းမာမာ နဲ့ပြန်လာသူကို ဆွေမျိုးတွေ ၊ မိတ်ဆွေတွေ ၊ စိတ်ကောင်းရှိသူတွေက ၀မ်းပန်တသာ ကြိုဆိုကြတဃ်။
ဒီဘ၀ကနေ တမလွန်ဘ၀ကို သွားမဃ့်ကောင်းမှုရှင်ကိုလည်း နတ်မှာဖြစ်တဲ့ အသက်ရှည်မှု ၊ အဆင်းလှပမှု ၊ ချမ်းသာမှု ၊ အခြွေအရံ ကြီးကဲမှု ၊ အဆင်း ၊ အသံ ၊ အနံ့ ၊ အရသာ ၊ အတွေ့အထိဆိုတဲ့ လက်ဆောင်၁၀မျိုးကို ဃူကာ မိဘအရာမှာတည်တဲ့ ကောင်းမှုတွေက ကြိုဆိုကြတဃ်။ ( ဓမ္မပဒပါဠိ ၊ ၄၅ )
ကဲ့ရဲ့ချီးမွမ်း
ဆိတ်ဆိတ်နေသူကိုလည်း ကဲ့ရဲ့ကြတဃ်။ စကားများသူကိုလည်း ကဲ့ရဲ့ကြတဃ်။ ချင့်ချိန်ပြောသူကိုလည်း ကဲ့ရဲ့ကြတဃ်။
လောကမှာ အကဲ့ရဲ့မခံရသူမရှိ။
အကဲ့ရဲ့ချည်း ခံရသူ ၊ အချီးမွမ်းချည်းခံရသူပာာ ရှေးကလည်းမရှိခဲ့ ၊ နောင်လည်း ရှိလိမ့်မည်မပာုတ် ၊ ဃခုကလည်းမရှိ။
( ဓမ္မပဒပါဠိ ၊ ၄၇ )
မရှိ
ကောင်းကင်မှာ ခြေရာမရှိ ၊ သာသနာပမှာ မဂ် ၊ ဖိုလ်ရတဲ့ ရပာန်းမရှိ။ သင်္ခါ ရတရားတွေပာာ မြဲတာမရှိ ၊ ဘုရားရှင်တွေမှာ တုန်လှုပ်တတ်တဲ့ ကိလေသာ မရှိ။ ( ဓမ္မပဒပါဠိ ၊ ၅၀ )
ခက်တဃ်
လူ့ဘ၀ကိုရဖို့ ခဲဃဉ်းတဃ် ၊ သတ္တ၀ါတွေရဲ့ အသက်ရှင်ဖို့ ခက်တဃ်။ သူတော်ကောင်းတရားကို နာရဖို့ ခက်တဃ် ၊ ဘုရားရှင်တွေ ပွင့်ဖို့ခက်တဃ်။ ( ဓမ္မပဒပါဠိ ၊ ၄၁ )
ရွှေ
ပညာရှိပာာမိမိသန္တာန်က ကိလေသာအညစ်အကြေးကို အစဉ်အတိုင်း အနည်းငဃ် အနည်းငဃ် ခဏတိုင်း ခဏတိုင်း ကုသိုလ်ပြုကာ ဖဃ်ထုတ်ပါ။ ဥပမာ ပန်းထိမ်သည်ပာာ ရွှေရဲ့အညစ်အကြေးကို ဖဃ်ထုတ်သလိုပါပဲ။
( ဓမ္မပဒပါဠိ ၊ ၄၈ )
အပြစ်
သူတစ်ပါးရဲ့ အပြစ် သေးသေးလေးပေမဃ့် မြင်လွဃ်တဃ် ၊ ကိုဃ့်အပြစ်ကြီး ကြီးပေမဃ့် မြင်ခဲတဃ်။ သူတစ်ပါးရဲ့ အပြစ်တွေကို ဖွဲကိုလွှင့်သလို ပုံကြီးချဲ့လွှင့်တဃ်။ ကိုဃ့်အပြစ်ကိုတော့ ဖုံးတဃ် ။ ဥပမာ ငှက်မုဆိုးတွေပာာ ငှက်တွေကိုဖမ်းဖို့ ကိုဃ့်ကိုဃ်ကို သစ်ခက်စသည်နဲ့ ဖုံးကွဃ်သလိုပါ
Subscribe to:
Posts (Atom)