ပထမဆုံးအဆင့်အနေနဲ့ Run Box (Window Key + R) ထဲမှာ
shell:sendto ထည့်ပြီး OK နှိပ်လိုက်ပါ။ Sendto folder ထဲရောက်ပြီဆိုရင်
folder ပေါ် R-click လုပ်ပြီး New ထဲက shortcut ကို ရွေးလိုက်ပါ။
ပြီးရင်တော့ Browse ကို ကလင့်ပြီး sendto list ထည့်ချင်တဲ့ folder
ကိုရွေးရမှာပါ။ ကိုယ်လိုချင်တဲ့ folder ကို တည်ဆောက်ထားလို့
ရနိုင်ပါလိမ့်မယ်။ အဲဒီ နေရာမှာ My computer ထဲက C: တို့ D: တို့ကိုလည်း
ရွေးလို့လည်းရနိုင်ပါတယ်။ ပြီးရင် Next, Finish ကိုရွေးပေးလိုက်ရင် sendto
folder ထဲမှာ ကိုယ်ရွေးထားတဲ့ folder ရဲ့ shortcut ပေါ်လာတာကို
တွေ့ရပါလိမ့်မယ်။ ဒါဆိုရင်တော့ sendto ကနေ ကိုယ်ရွေးပေးထားတဲ့ folder ထဲကို
တိုက်ရိုက်ဖိုင်တွေထည့်လို့ရပါပြီ။
No comments:
Post a Comment