Jul 21, 2012

င်္FWD:မိဘကျေးဇူးဆပ်နည်း....

မိဘနှင့်ပါတ်သင့်ပြီးစာတစ်စောင်ဖတ်လိုက်ရတာ တော်တော်ကိုကျေးဇူးတင်ပါတယ်၊ မိဘကိုမလုပ်ကျွေးပေမယ် မိဘ ကျေးဇူးဆပ်နည်းတွေအများကြီးရှိတာကိုကြားဖူးပါတယ်၊ ကျွန်တော်သိသလောက် ရေးသားချင်တာက အောက်ပါနည်းလမ်းလေးတွေပါ။
၁။ သဒ္ဒါမေ့ငြား မိဘနှစ်ပါးကို သဒ္ဒါသမ္ပဒါ ဖြစ်၍လာအောင် ဟောကာရည်စူး မွေးကျေးဇူးကို အထူးဆပ်ပါ ဟောကြားရာတည်း။
သဒ္ဒါတရားမရှိသေးတဲ့ မိဘနှစ်ပါးကို သဒ္ဒါတရားပြည့်စုံလာအောင် သားသမီးတွေက မိဘတွေကို ပြောရတာလည်းကျေးဇူးဆပ်ရာရောက် ပါသည်။
၂။သီလမေ့ငြား မိဘနှစ်ပါးကို သီလသမ္ပဒါဖြစ်၍လာအောင် ဟောကာရည်စူးမွေးကျေးဇူးကို အထူဆပ်ပါ ဟောကြားရာတည်း။
သီလမရှိတဲ့ မိဘဆိုတာလည်း ရှိပါတယ် ဥပမာ ငါးပါးသီးလမရှိသေးတဲ့မိဘနှစ်ပါးကို ငါးပါးသီလစောင့်ထိမ်းနိုင်အောင် ပြောဆိုတိုက်တွန်း
ပေးတာကလည်း မိဘကျေးဇူးဆပ်ရာရောက်ပါသည်။
၃။ ဒါနမေ့ငြား မိဘနှစ်ပါးကို ဒါနသမ္ပဒဲါ့ပြည့်စုံလာအောင် ဟောကာရည်စူးမွေးကျေး အထူးဆပ်ပါ ဟောကြားရာတည်း။
အလှူဒါနမရှိတဲ့ မိဘနှစ်ပါးကို လှူဒါန်းစွန့်ကြဲမှူးနဲ့ပြည့်စုံလာအောင် တိုက်တွန်းပေးတာကလည်း မိဘကျေးဇူးဆပ်ရာရောက်ပါသည်။
တစ်ချို့မိဘတွေဟာ လှူးဒါန်းဖို့ကိုထား မစားရဲ မသောက်ရဲ နေတတ်တဲ့ မိဘတွေအများကြီးရှိတယ် အဲဒီမိဘတွေကို လှူဒါန်းနိုင်အောင်
တိုက်တွန်းပေးတာလည်း ကျေးဇူးဆပ်ရာရောက်ပါတယ်။

၎။ပညာမမေ့ငြား မိဘနှစ်ပါးကို ပညာသမ္ပဒါပြည့်စုံလာအောင် ဟောကာရည်းစူးမွေးကျေးဇူးကို အထူးဆပ်ပါ ဟောကြားရာတည်း။
ပညာဆိုတာက အတတ်ပညာ အတန်းပညာကိုပြောလိုတာမဟုတ်ပါဘူး၊ ၀ိပဿနာ ပညာကိုပြောလိုတာပါ။
ဝိပဿနာ တရားအားထုပ်မှူးမရှိသေးတဲ့ မိဘနှစ်ပါးကို သီးတင်းကျွတ် သင်္ကြန် ၀ါတွင်းစသည် ရက်ကောင်းရက်မြတ်တွေမှာ တရား
အားထုပ်ဖြစ်အောင် ပြောဆိုတိုက်တွန်းပေးတာကလည်း ကျေးဇူးဆပ်ရာရောက်ပါသည်။
တကယ်လို့ ကိုယ်ကတိုက်တွန်းပေးလို့ မိဘတွေက အလှူဒါနပြုလာတယ် သဒ္ဒါတရားနဲ့ ပြည့်စုံလာတယ် သီလတည်းလာတယ် ၀ိပဿနာတရား အားထုပ်မှူရှိလာပြီဆိုရင် အဲဒီသားသမီးတွေဟာ မိဘကျေးဇူးကိုဆပ်ရာေ၇ာက်ပါတယ်၊ မိဘကို ခြေဆုပ်နှပ်နည်ပေး
မှပြီး အ၀တ်အစားကောင်းကောင်းပေးပြီး နေစရာ ထိုင်စရာတွေပေးပြီးကျေးဇူးဆပ်မှ ကျေးဇူးဆပ်ရာရောက်တာမဟုတ်ပါဘူး အပေါ်က နည်းအတိုင်းကျေးဇူးဆပ်ရင်လည်း ကျေးဇူးဆပ်ရာရောက်ပါတယ်လို့ ကျွန်တော်ကြားဖူးနားဝ ရှိသလောက်မျှဝေပေးတာပါ။

No comments:

Post a Comment