ကမ္ဘာမြေကိုချစ်တယ်.. ကမ္ဘာမြေကြီးက ... သူ့အပေါ်မှာ... ညစ်ပတ်တာတွေချလည်း... မငြီးငြူဘူး...
ကောင်းတာတွေလုပ်လည်း... ပိတိမဖြစ်ဘူး... ခန္တီပြည့်တယ်...
တစ်နေ့ ...
ကျွန်တော်... ကမ္ဘာမြေကြီးနဲ့ စကားစမြည်ပြောဖြစ်တယ်....
ကျွန်တော်...'' ကမ္ဘာကြီး... ခင်ဗျားက အရမ်း...ချစ်စရာကောင်းတယ်နော်...
ခင်ဗျားအပေါ်ဘာတွေပဲလုပ်လုပ် လူတွေကို အပြစ်မတင်ဘူး....ဆိုးတာလုပ်လည်း...မပြော.. ကောင်းတာလုပ်လည်းမပြော..အဲဒါ ဘာလို့လည်းဗျ...
ခင်ဗျားကို လူတွေတော်တော်များများက အားကျနေကြတာ.....''
ကမ္ဘာကြီး..က ''မင်း...ဘောလုံးကွင်းပို ပတ်ပြေးတဲ့ တာဝေးပြိုင်ဖူးလား...ကောင်လေး...''
ကျွန်တော်...'' ဟာ....ပြိုင်ဖူးတာပေါ့ ဗျ ကိုယ့်ပတ်လမ်းနဲ့ ကိုယ်လေ...သိတယ်..''
ကမ္ဘာကြီးက ... ''အေး ... အဲလို ပြိုင်နေတဲ့ အခါ ... မင်းခေါင်းပေါ်မှာ သန်းတစ်ကောင်ကောင် ရွစိရွစိ လုပ်နေတာပဲဖြစ်ဖြစ်... အကောင်တစ်ကောင်ကိုရင်ပဲဖြစ်ဖြစ်..မင်း အဲကောင်ကို ဘာပြောလဲ ....''
ကျွန်တော်...'' ဟာ...ဘယ်ပြောအားမလဲဗျ... ကိုယ်ပြိုင်ပွဲမှာ...ပန်းဝင်အောင်ပြေးနေရတာကို...နိုင်မှ... ဆဲချင်ဆဲမှာပေါ့ ...''
ကမ္ဘာကြီးက...''အေး..ကွ ငါလည်း.... ကျန်တဲ့ ရှစ်ကောင်နဲ့ပြိုင်ပြေးနေရာ...သူတို့ ဦးမှာဆိုးလို့ လှည့်မကြည့် အားသေးဘူးဟေ....
ရှင်းပလား...''
ကျွန်တော်လည်း....ခုမှ ရှင်းသွားတော့ တယ်...ဟုတ်သားဟ... ကျန်တဲ့ ဂြိုလ်ရှစ်လုံးနဲ့ သူလည်းပြိုင်ပြေးနေရရှာတာကိုး...။
လေးစားစွာဖြင့်

No comments:
Post a Comment