“လောကဓံ တရား၏ ရိုက်ပုတ်ခြင်း ဒဏ်ချက်ကြောင့်
ငါ၏ ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲ နီနေ၏။
သို့သော် . . . ညွှတ်ကား မညွတ်”။
(ဗိုလ်ချုပ်အောင်ဆန်း)
******************************
ယဉ်ကျေးမှု မြင့်မားလာသည်နှင့်အမျှ ဘဝ ရှင်သန်ရေး ကိစ္စသည် လူတစ်ဦးချင်း
အတွက် ဝိသေသ သဘော မဆောင်တော့။ လူတိုင်း ကြုံတွေ့နေရသော ဖြစ်တည်မှု ကိစ္စ
အားလုံး ဖြစ်သွားသည်။ ဤသို့ဖြင့် အာရုံ သိမြင်ခံစားမှု ( Sensibility )ကို အလေးကဲ
ဂရုစိုက်လာသည်။ မိမိ ဥခွံတွင် အရာရာတိုင်း မပျော်မွေ့နိုင်တော့။
လှေနံဓားထစ်
နည်းလမ်းအားဖြင့် အခါခပ်သိမ်း မရှင်သန်ချင်တော့။
ထိုအခြေအနေတွင် ဖန်တီးမှု စွမ်းရည် မြင့်မားလှသော ' အနုပညာ ' သည်
ပုဂ္ဂိုလ်အလိုက် ထူးခြားချက် တစ်ရပ် ( Individuality ) ဖြစ်လာသည်။
ဝေဒနာ၊ ပီတိ၊ ရသ၊
အလှ၊ သစ္စာတရား စသည်ဖြင့် ခံစားမှုကို အနုပညာနှင့် လင်းပွင့် တင်ပြလာကြသည်။
တချို့ တင်ပြ၊ တချို့ဝေမျှ၊ တချို့အကဲဖြတ်၊
အများစုကတော့
တစ်ခုလုံး ( the whole ) ထဲမှ လက္ခဏာတစ်ခု အဖြစ် ဖြည့်ဆည်းသည်။
သင့် အနေနှင့် ရော့ခ် ဂီတကို နှစ်သက်၍ တစ်ခြား မည်သည့် ဂီတမျိုးကို မဆို
ဝေဖန် ပုတ်ခတ်ရန် မလို။
ဒဂုန်တာရာကို စွဲလန်း၍ သစ္စာနီနှင့် လမ်းခွဲ နှုတ်ဆက်စရာ မလို။
နှိုင်းယှဉ်ချက် အမှားများ ပြုလုပ်ရန် မလို။
တစ်ယောက်တည်းနှင့် အများကြိုက်ကို
စော်ကားစရာ မလို။
အများကလည်း တစ်ယောက်တည်းမို့နှိမ့်ချ တိုက်ခိုက်စရာ မလို။
သင့်၌လွတ်လပ်ခွင့်ရှိသည်။
ရွေးချယ်ခွင့်ရှိသည်။
တစ်ပါးသူကို မထိပါးရ။
ကျွန်တော်တို့ သည်လည်း....တိုးတက်သောယဉ်ကျေးမှုနှင့် အညီ..ကျွန်တော်တို့ စောင့်စည်းထိမ်းသိမ်းအပ်သော...
ကျွန်နော်တို့ ချစ်ခင်ကြည်ညိုသော....
် ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်တွင် ထိပါးတိုက်ခိုက်သောစာများမတင်ရပါ..။
လေးစားသော
ရွှေအိမ်စည်
ကျွန်တော့်၏ ရည်ရွယ်ချက် မကျေနပ်ပါက...ရွှေအိမ်စည်shweaeimsi@gmail.com ကိုအပ်ပြီးပြောကြားပါ။။။။
(ယင်းမှာပြုစု ပျိုးထောင်အပ်သော ယဉ်ကျေးမှု တစ်ရပ် ဖြစ်သည်။
No comments:
Post a Comment