Jul 18, 2012

အသိတရားနဲ့ သတိထားမိကြမယ်ဆိုရင်တော့

ဒီနေ့ ကမ္ဘာကြီးမှာ နာရီ မိနစ် စက္ကန့်မလပ် အချိန်ပြည့်ကို တိုးတက်နေပါတယ်၊
ထင်ရှားလောက်တဲ့ နောက်ကြောင်းကို ပြန်လည်စဉ်းစားကြည့်မယ်ဆိုရင်၊ ရှေ့အခါက စစ်တိုက်ရင် လေး မြား ဓား လှံ စတာတွေကို
အသုံးပြုခဲ့ကြပါတယ်။
ခုချိန်မှာတော့ အရင်လိုမဟုတ်တော့ပါ၊ စစ်လက်နက်ပစ္စည်းအမျိုးမျိုးကို သူ့ထက်ငါ ကောင်းအောင် ဦးအောင် တီထွင်ကြံဆ ဖန်တည်းထုတ်လုပ်ပြီး တိုက်ကြပါတော့တယ်၊ မိုင် ထောင်ပေါင်းများစွာဝေးကွာတဲ့ အရပ်က ပစ်မှတ်ကို ထိအောင်ပစ်နိုင်တဲ့အထိ တိုးတက်လာတဲ့ တီထွင်ကြံဆမှုတွေပေါ့လေ၊ အံ့လောက်ပါရဲ့။
သွားလာရေးပိုင်းကိုလည်း နောက်ဆုတ်ကြည့်လိုက်ပါဦး၊ အရင်တုံးက ခြေလျှင်၊ နောက်တော့ လှည်းနွား၊ ပြီးတော့ ကား၊ ခုများကြတော့
ဝေဟင်ယံက လေယဉ်ပျံတဲ့၊ ဒါတင်ဘယ်ကမှာလဲ၊ စားသောက်ရေး၊ နေထိုင်ရေး၊ စသည်စသည် တိုးတက်လာလိုက်တာတွေက
အကုန်အစုံပါပဲ၊ ရေတွက်လို့တောင်ရမယ်မထင်တော့ပါ၊
ဒါပေမဲ့ သေသေချာချာစဉ်းစားကြည့်ရင်၊ ဘယ်သူမှ ငြင်းလို့မရတဲ့အချက်တစ်ခုရှိနေတယ်။
နဖူးပေါ်လက်တင်ပြီး ပက်လက်အိပ်ရင်းပဲ စဉ်းစားစဉ်းစား၊ လက်ပေါ်နဖူးတင်ပြီး မှောက်အိပ်ရင်းပဲစဉ်းစားစဉ်းစား၊
ရလာတဲ့ မှန်ကန်တိကျတဲ့အဖြေကတော့ တိုးတက်ပါတယ်ဆိုတဲ့အရာအားလုံးဟာ လူတွေပြုလုပ်နေကြတာ ဆိုတာပါဘဲ။
ဟုတ်ပါတယ် ဒါကိုတော့ ငြင်းလို့ရမယ်မထင်ပါဘူး။
ဒါဆိုရင် တိုးတက်မှုအားလုံးရဲ့ဖန်တည်းရှင်ဟာ လူတွေ ပါလား။ လူသာလျှင် အဓိက လူသာလျှင် ပဓာနပါလား၊
ဒါပေမဲ့ ဒီလူတွေရဲ့ အသက်တမ်းဟာ တဖြေးဖြေးနဲ့ယုတ်လျော့လာနေတယ်
အဓိကဖြစ်တဲ့ လူရဲ့သက်တမ်းကို တိုးတက်လာအောင် ကြိုးစားဖန်တည်းသင့်ပါလျှက်နဲ့ - မကြိုးစား မဖန်တည်းကြတာဟာ ဘာကြောင့်လဲ ?
လူ့သက်တမ်းတွေတိုးတက်လာအောင် ကြိုးစားဖန်တည်းလို့ မရနိုင်တော့ဘူးလား? နည်းလမ်းတွေမ၇ှိတော့ဘူးလား?။
မြတ်ဗုဒ္ဓ ဟောတော်မူခဲ့တဲ့ ( ဒါန - သီလ - ဘာဝနာ ) ဆိုတဲ့ ကုသိုလ်(၃)မျိုးထဲက သီလကုသိုလ်ကို၊ ဖြည့်ကျင့်မယ်ဆိုရင်၊ ရောဂါကင်းပြီး
အသက်ရှည်ခြင်း ဆိုတဲ့ အကျိုးတရားများကို ခံစားကြရမှာဖြစ်လို့၊ စွမ်းနိုင်သမျှ စောင့်ထိမ်းဖြည့်ကျင့်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်။
မိမိကိုယ်ကိုသက်တမ်းရှည်အောင်ဆောင်ရွက်နိုင်ကြပါစေ။

No comments:

Post a Comment