Dec 31, 2011

အပျင်းနိုင်ဆေး



အလုပ်နှင့်တွေ့ လျှင်အပျင်းသည် အရေးနိမ့်ရှုံးရလေသည်။ ထိုစကားကိုမယုံလျှင် အလုပ်မလုပ်ချင်အောင်ပျင်းသည့်အခါ
အလုပ်ကိုလုပ်၍ကြည့်လေ။ အလုပ်လုပ်မိသည်နှင့် တစ်ပြိုင်နက် အပျင်းသည် ပျောက်ကွယ်၍ပြေးရလေသည်။
"အလုပ်လုပ်ရာ၌တေးဆိုရမည်"ပာု "လေလိုင်"ခေါ်သူပညာရှိကြီးက ပြောခဲ့သည်။ ပျော်သောစိတ်သည် ကိုယ်အား၊ စိတ်အား၊
ဥာဏ်အား၊ ၀ီရိယအားကို တိုးတက်စေသည်။ ၀ီရိယသည် လေ့ကျင့်လျှင်တိုးတက်ဧ။်။
အပျင်းသည်အလုပ်ကိုကြောက်ဧ။်။
အကြောင်းမူကား အလုပ်ဧ။်ရန်သူဖြစ်လေသည်။ အလုပ်ဧ။် ရန်သူပင်ဖြစ်သော်လည်း အလုပ်ကိုနိုင်သောရန်သူမပာုတ်။
အလုပ်ကိုကြောက်သောရန်သူဖြစ်လေရာ အလုပ်နှင့်တွေ့ လျှင်အပျင်းသည် အရေးနိမ့်ရှုံးရလေသည်။ ထိုစကားကိုမယုံလျှင်
အလုပ်မလုပ်ချင်အောင်ပျင်းသည့်အခါ အလုပ်ကိုလုပ်၍ကြည့်လေ။ အလုပ်လုပ်ရသည်နှင့်တစ်ပြိုင်နက် အပျင်းသည်
ပျောက်ကွယ်၍ပြေးရလေသည်။
၎င်းအပျင်းသည် အပျော်ဧ။် ရန်သူဖြစ်လေရာ အလုပ်၌အပျော်ကိုစစ်ကူသွင်းချေက အပျင်းသည် မှုန့် မှုန့် ကြေရလေသည်။ သို
့ဖြစ်၍အလုပ်ကိုလွန်စွာကြောက်သဖြင့် မလုပ်မီ၌ အလုပ်ကိုစ၍မကိုင်ချင်သောစိတ်ဖြစ်အောင် အပျင်းကတားမြစ်ဧ။်၊
သို့ သော်လည်း အလုပ်မစမီ တခဏအတွင်း၌သာ ၎င်းအပျင်းမှာ သတ္တိရှိလေသည်။
သို့ ဖြစ်၍ ပျင်းသည့်အခါ အလုပ်ကိုထ၍လုပ်ပါလေ။ ထိုနည်းဖြင့် အပျင်းကိုနိုင်စရှိက ဆက်လက်၍နိုင်ရန်
လွယ်ကူ၍လာလိမ့်မည်။

No comments:

Post a Comment