Dec 1, 2011

လွမ်းတယ်...ဒါပဲ


တိမ်တိုက်တို့၏အနားသားတွန့်လိပ်လိပ်တွေ

အပြာရောင်စာရွက်ပေါ်ကအက်ကြောင်းရာလှလှတွေနဲ့

ခြောက်ကပ်ကပ်ညှိုးရော်နေတဲ့ပွင့်ဖတ်တွေအောက်မှာ

ငါ့အလွမ်းလေးတွေပွင့်ကန်ထွက်နေတယ်

ခရမ်းရင့်ရောင်တေးသီချင်းတွေသီလို့ပေါ့....

ချောကလက်ကမင်းအတွက်ပါ

နှင်းဆီကမင်းအတွက်ပါဆို

ငါ့အတွက်မင်းပြန်ပေးတော့

ခြွေပြီးသားနှင်းဆီဆူးထက်ထက်လေးတွေ

တော်ပြီ

စာသားတွေဖေါင်းပွ

နှောင်းညကအဖြစ်တွေမပြောဘူး

ရူးရူးမူးမူးနဲ့ ပြောမယ်လွမ်းတယ်

ဒါပဲ..

No comments:

Post a Comment