Dec 16, 2011

ဗုဒ္ဓဘာသာအဖြစ်သို့ ပြောင်းလဲလာပြီဖြစ်သော အဆိုတော်မလေး ဂျနီဖာလိုပက်...


 
  ကမ္ဘာ့အကျော်အမော်တွေဟာ ဗုဒ္ဓဘာသာကို ထူးထူးဆန်းဆန်း စိတ်ဝင်စား စွဲမက်မှုရှိကြဟန်တူပါရဲ့။ ဒီတစ်ခါ ဗုဒ္ဓဘာသာကို ဆက်ခံသူကတော့ လက်တီလို ဒီဗာ ဂျနီဖာ လိုပက်(ဇ်) ပါပဲ။

သတင်းအရတော့ Wedding Planner မင်းသမီးဟာ တွဲဖက်သရုပ်ဆောင် ရစ်ချဒ် ဂေး (Richard Gere)နှင့် ဘာသာရေး ဆွေးနွေးပြောဆိုမှု အကြိမ်အတော်များများ အပြီးမှာ ရစ်ချဒ် ဂေးရဲ့ ဗုဒ္ဓဘာသာ အပေါ်မှာ စူးစိုက် နှစ်မြှုပ်ထားမှုက ဗုဒ္ဓဘာသာကို လက်ခံယုံကြည်ဖို့ လှုံ့ဆော်ပေးလောက်အောင်ကို သူမကို စွဲမက်စေပါတယ် လို့် သဆန်း သတင်းစာက ရေးပါတယ်။

"ဒို့တွေ ကကြရအောင်လား (Shall We Dance)" ဇာတ်ကားမှာ ဂေးနှင့် တွဲဖက်သရုပ်ဆောင်ထားသူ လိုပက်က သူမဟာ ပိုမိုမြင့်မားတဲ့ စွမ်းဆောင်ရည်နှင့် ကောင်းမြတ်တဲ့ လူသားတစ်ဦးဖြစ်ဖို့ရာ အလွန်တရာ အရေးကြီး ပါတယ်ဆိုတာတွေကို သတိထားမိလာပါပြီလို့ ဆိုပါတယ်။

"ကမ္ဘာလောကကြီးမှာ စွမ်းအားတစ်ခုရှိပါလားလို့ အခုတော့ ကျွန်မသိပါပြီ။ ကောင်းမြတ်မှုနှင့် မေတ္တာတရားကို ရှင်က ငြိမ်းသတ်လိုက်ရင် ငြိမ်းသတ်မှုက ရှင့်ထံပြန်လာမှာပဲဆိုတဲ့ စွမ်းအင်ရှိတယ်လေ။ အဲဒါကတော့ ကျမ အတွက် အလုပ်ဖြစ်တဲ့ အခြေခံတရားတစ်ခုပါပဲ" လို့ သူမရဲ့ဆိုစကားကို သတင်းက ကိုးကား ဖော်ပြပါတယ်။


No comments:

Post a Comment