Nov 24, 2011

spy တယောက်နဲ့ခဏတာတွေ့ဆုံခြင်း

Download File လေးကို server မှာ install လုပ်လိုက်တာပေါ့ဗျာ..စမ်းလိုက်တာ…တိုင်ပတ်ရုံမကဘူး..ရွာပါပတ်သွားတာ.
နာမည်က Spy Agent တဲ့သူ့ နာမည်လိုက်တာမှ..တကယ့်စပိုင်အတိုင်းပဲ..သူ စပိုင်မှန်းကို ဒုက္ခလေး…
တော်တော်ရောက်ပြီးမှသိတာနော်..ကျွန်တော်လည်းဒီတေနာကောင်လေးအကြောင်းကို သေချာမှမသိသေးတာ..
ရမ်းသန်းပြီးကလိလိုက်တာ သူ့ ကို Full control ပေးလိုက်မိသလိုမျိုးဖြစ်သွားတယ်ဗျ…server ဆိုတော့ပိုဆိုး..
cafezee software(အင်တာနက်ဆိုင်တော်တော်များများမှာသုံးနေတဲ့ စက်ဝင်၊ထွက်အချိန်ကိုမှတ်ပြီး..
ပိုက်ဆံထွက်ပေးတဲ့ဟာလေး) ကအလုပ်မလုပ်တော့ဘူး..ပြီးတော့ iconတွေကလည်း အကြီးတွေဖြစ်…
စက်ကတခါတလေစာတမ်းကြီးတက်လာတယ်..Spy agent က administrator ကဲ့သို့ လုပ်ဆောင်နေပါတယ်
ဆိုတဲ့ စာတမ်းကြီးပေါ့ဗျာ..နဂိုကတည်းက အဲ့စက်က player မရ..တစ်ခါတခါ print ထုတ်ရင် ခပ်ကြောင်ကြောင်
ကျွန်တော်ကိုက ကမြင်းတာကိုယ့် စက်နဲ့ ကို မစမ်းပဲနဲ့ ..အကိုကဒီနေ့ လာမှာ..အဲ့ကွန်ပျူတာကိုလာကြည့်မှာ..
သူလာလို့ အဲ့စာတမ်းကြီးရယ်..အဲ့ဖိုင်စမ်းလိုက်တဲ့ ၀င်လာတဲ့ virus ရယ်သာတွေ့ လို့ ကတော့..ကျွန်တော်နာပြီ။
အဲ့ software ကိုစမ်းပြီး အဲ့သလိုဖြစ်သွားတာဆိုတော့ uninstall ပြန်လုပ်ရမယ်ဆိုတဲ့ အသိက၀င်လာတယ်..
ဒါနဲ့ သူ့ logo ကိုလိုက်ရှာတယ်..keylogger တွေလို tool ဘားမှာလည်းသင်္ကေတမလည်းမတွေ့ .ဒီကြားထဲ..
စက်က Restart ကျကျသွားတယ်..အကိုကလည်းဆိုင်ကိုရောက်ခါနီးနေပြီ…ခေါင်းကလည်းဘာမှစဉ်းစားလို့ မရဘူး
ယောင်တောင်တောင်နဲ့ သူရဲ့ uninstall file ကိုလိုက်ရှာနေမိတယ်..လောနေလို့ ထင်ပါရဲ့ ..မတွေ့ ဘူးဗျ…
နောက်မှအသိလေးဝင်လာတယ်..စာလုံးလေး ၁၀ လုံးလောက်ရိုက်လိုက်သာနဲ့ အဆင်ပြေမှာကို…appwiz.cpl လေ..
အဲ့ကနေပြီးတော့ ကျွန်တော့်ကိုအာရုံလာနောက်နေတဲ့  Spy Agent ဆိုတဲ့ဖိုင်ကို remove လုပ်လိုက်တယ်..
ပြီးတော့ Restart ချပြီးပြန်တက်လာမှ အကုန်လုံးအကောင်းတွေဖြစ်သွားတော့တယ်..ဒီကောင်ကလည်း keylogger ပီပီ
ကျွန်တော်သုံးသွားတဲ့ website တွေ..password တွေကိုအကုန် save လုပ်ထားတာဗျ..ထူးခြားချက်က virus ပါပါတယ်..
နောက်ပြီးဒီကောင်က invisible mode နဲ့ လေ..ရှိမှန်းတောင်သိပါ့မလား…ကိုယ်သုံးနေတာကို safe ဖြစ်ချင်တယ်ဆိုရင်
ခုနက စာလုံးလေးတွေရိုက်ပြီး နည်းနည်းတော့အပင်ပန်းခံသင့်တယ်လို့ ကျွန်တော်ထင်ပါတယ်..နောက်တစ်ခုပြောချင်တာ
software တစ်ခုကိုစမ်းမယ်ဆို solution ပါသိရင်ပိုကောင်းပါတယ်..နောက်သတိပေးချင်တာတော့ ကိုယ့်ဆီရောက်လာတဲ့
invition site တွေ..information တွေ ကိုယ်နဲ့ မရင်းနှီးဘူးဆို remove တောင်လုပ်သင့်ပါတယ်..အဲ့သလောက်တောင်
လားဆိုပဲလားလို့ မေးစရာတွေရှိလာပါတယ်…မလိုပါဘူး..ကိုယ့်ဘက်က safe ဖြစ်နေရင်ပိုကောင်းမလားလို့ ပါ..
တကယ်တမ်းဖြစ်ရင် စိတ်ညစ်ကမှာက ကိုယ်ပဲမဟုတ်လား..သောကတွေမလိုချင်စမ်းပါနဲ့ ဗျာ..အွန်လိုင်းပေါ်မှာရှိတဲ့ ..
hacker တွေ စပယ်ယာတွေ(အဲ..ဟုတ်ဘူး..Spy တွေ) ဒုက္ခမှကင်းဝေးပြီး စိတ်အေးလက်အေး နဲ့ သုံးစွဲနိုင်ပါစေလို့ …

No comments:

Post a Comment