Nov 12, 2011

International News

ကမ္ဘာ့စွမ်းအင်သုံးစွဲမှု၌ အဓိကလောင်စာတစ်ရပ်အဖြစ် ၂၀၃၅ ခုနှစ်ထက် နောက်မကျဘဲ ကျောက်မီးသွေးသုံးစွဲမှုသည် ရေနံသုံးစွဲမှုထက် ကျော်လွန်သွားမည်ဖြစ်ကြောင်း နိုင်ငံတကာ စွမ်းအင်အေဂျင်စီ (IAEA)က ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြသည်။ လွန်ခဲ့သည့် ဆယ်စုနှစ်တာကာလအတွင်း ကမ္ဘာ့စွမ်းအင်ဝယ်လိုအား၏ ထက်ဝက်နီးပါးမှာ ကျောက်မီးသွေးဖြစ်ကြောင်း၊ ၂၀၁၁ ခုနှစ် နိုင်ငံတကာစွမ်းအင် အလားအလာဟု အမည်ပေးထားသော အစီရင်ခံစာတွင် ဖော်ပြသည်။ အနာဂတ်ကာလတွင် နိုင်ငံတကာစွမ်းအင်သုံးစွဲမှု၌ ကျောက်မီးသွေး၏ အခန်းကဏ္ဍ အရေးပါလာမည့် အလားအလာကို တွေ့မြင်ရကြောင်း အစီရင်ခံစာ၌ ပါရှိသည်။ နိုင်ငံတကာ အဓိကကျောက်မီးသွေးဈေးကွက် ဗဟိုပြုရာအရပ်သည် အတ္တလန္တိတ်ဒေသမှ ပစိဖိတ်ဒေသသို့ ပြောင်းလဲလာမည်ဖြစ်ကြောင်း သို့ရာတွင် နိုင်ငံတကာစွမ်းအင် ကုန်သွယ်ရေးပုံစံသည် ပြောင်းလဲလာမည့် လက္ခဏာများကို တွေ့ရကြောင်း အစီရင်ခံစာတွင် ဖော်ပြသည်။ (ဆင်ဟွာ)

No comments:

Post a Comment