Nov 28, 2011

နိုင်ငံရပ်ခြား မြန်မာလူငယ်များအတွက် ဆရာအောင်သင်း၏ အကြံပေးချက်


၁။ ငါမုချကြီးပွားအောင်မြင်ရမယ်ဆိုတဲ့ အဓိဋ္ဌာန်ထားပါ
လူငယ်တယောက်ဟာ အရေးကြီးဆုံးအချက်က ငါဟာမုချကြီးပွားအောင်မြင်နေရမယ် ဆိုတဲ့ အဓိဋ္ဌာန် ခိုင်ခိုင်မာမာချဖို့ အရေးကြီးတယ်။ များသောအားဖြင့် လူငယ်တွေဟာ အမှတ်မထင် အမှတ်မထင်လေးတွေ နေကြတယ်။ အဲဒီလို ခိုင်ခိုင်မာမာ ကိုယ့်ကိုယ်ကို ပြန်ပြီးတော့ ဆုံးဖြတ်ချက် အဓိဋ္ဌာန်ပြုခဲ့သလား။ ဝေေ၀၀ါးဝါးလေးပေါ့ အမှတ်မထင် ပဲရှိတတ်တယ်။ ခိုင်မာရမယ်ဆိုတာ။ ဘုရားရှေ့မှာ အာရုဏ်ပြုသလို အဓိဋ္ဌာန်ပြုလိုက်သလို၊ သစ္စာဆိုလိုက် သလို အဲလိုကို အဓိဋ္ဌာန်ပြုရတယ်။ အဲဒါဟာ အလွန်ကို အရေးကြီးပါတယ်။ အဲဒီအဓိဋ္ဌာန်ချက် ခိုင်မာသွားလို့ရှိရင် ကျန်တဲ့ဥစ္စာတွေဟာ သူ့ကိုယ်သူထိန်းသွားလို့ရှိတယ်။ ဘယ်သူမဆို အဲဒီလို ဖြစ်လေ့ဖြစ်ထ ရှိပါတယ်။ ဒါကြောင့် အဲဒီဟာက အရေးကြီးတယ်လို့ ကျနော် ပြောဆို ခြင်းဖြစ်ပါတယ်။ အဲဒါ နံပါတ် (၁) အချက်ပေါ့ နော

No comments:

Post a Comment