Nov 9, 2011

မေတ္တာကမ္မဋ္ဌာန်း


မေတ္တာကမ္မဋ္ဌာန်း ပွားများနည်း (၁)…

မေတ္တာကမ္မဋ္ဌာန်းကို ပွားများအားထုတ်မယ့် ပုဂ္ဂိုလ်ဟာ မပွားခင် သိထားရမှာက (၁) အရင်ဆုံး အစပြုပြီး မပွားများသင့်တဲ့ပုဂ္ဂိုလ်၊ (၂) သီးသန့် မပွားများသင့်တဲ့ ပုဂ္ဂိုလ်နဲ့ (၃) လုံးဝ မပွားများသင့်တဲ့ ပုဂ္ဂိုလ်တွေကို သိထားဖို့ လိုအပ်ပါတယ်။ မေတ္တာကမ္မဋ္ဌာန်း စပွားများတဲ့ ပုဂ္ဂိုလ်တွေဟာ
၁။ မချစ်မနှစ်သက်တဲ့ပုဂ္ဂိုလ်
၂။ အရမ်းချစ်ခင်နှစ်သက်တဲ့ပုဂ္ဂိုလ်
၃။ မချစ်မမုန်း အလယ်အလတ်ပုဂ္ဂိုလ်
၎။ ရန်သူပုဂ္ဂိုလ် ဖြစ်တဲ့ ဒီပုဂ္ဂိုလ်လေးယောက်ကို အရင်ဆုံးစပြီး မပွားများသင့်ပါဘူး။ မချစ်မနှစ်သက်တဲ့ ပုဂ္ဂိုလ်ကို ချစ်ခင်နှစ်သက်တဲ့ ပုဂ္ဂိုလ်အရာမှာထားပြီး ပွားများတဲ့အခါ၊ အလွန်ချစ်ခင်နှစ်သက်တဲ့ ပုဂ္ဂိုလ်ကို မချစ်မမုန်း အလယ်အလတ်ပုဂ္ဂိုလ်အဖြစ် ပွားများတဲ့အခါ၊ အလယ်အလတ်ပုဂ္ဂိုလ်ကို လေးစားထိုက်တဲ့ ပုဂ္ဂိုလ်၊ ချစ်ခင်နှစ်သက်တဲ့ ပုဂ္ဂိုလ်နေရာတွေမှား ထားပြီး ပွားများတဲ့အခါ ပင်ပန်းတတ်သလို၊ ရန်သူပုဂ္ဂိုလ်ကို အဖန်ဖန် ပွားများနေပါကလည်း ဒေါသဖြစ်ပေါ်တတ်ပါတယ်။ ဒါကြောင့် မေတ္တာကမ္မဋ္ဌာန်းကို စပြီး ပွားများတဲ့ပုဂ္ဂိုလ်ဟာ ဒီပုဂ္ဂိုလ်လေးယောက်ကစပြီး မပွားသင့်ဟု ဆိုခြင်းဖြစ်ပါတယ်။

No comments:

Post a Comment