၁။ နံနက်စာစားတာက ဇီဝရုပ်ဖြစ်ပျက်နှုန်းကို ကောင်းစေလို့ပါ တဲ့။
နံနက်စာကို မစားဘဲနေရင် ဇီဝနှုန်းဖြစ်ပျက်နှုန်းနှေးပြီးစွမ်းအင်တွေကိုသိုလှောင်နိုင်စွမ်း လျော့ကျစေပါတယ်။ လေ့လာမှုတွေအရ နံနက်စာကို ပုံမှန် စားတဲ့သူတွေက ကိုယ်အလေးချိန်ကို လျော့ကျစေတာကြောင့် အ၀လွန်နိုင်ခြေ လျော့နည်းပါလိမ့်မယ်။ နံနက်စာကို အိပ်ရာကနိုးပြီး တစ်နာရီအတွင်းမှာ စားပေးရင် ဇီဝဖြစ်ပျက်မှုကို ပိုကောင်းစေပါတယ်။
၂။ နံနက်စာစားတာက အချိုစားချင်စိတ်ကို လျော့ကျစေလို့ပါတဲ့။
နံနက်စာထဲမှာ ဒိန်ချဉ်၊ အခွံချွတ်မထားတဲ့ ကောက်နှံစာတွေနဲ့ ဥအမျိုးမျိုးစတဲ့ ပရိုတင်းဓာတ်တွေ မြင့်မားစွာ ပါဝင်အောင်စားသုံးပေးတာက စွမ်းအင်ကို ရရှိစေနိုင်ပါတယ်။ ဒါ့အပြင် သကြားပါတဲ့ မုန့်ပဲသရေစာတွေနဲ့ အချိုစာတွေ စားချင်စိတ်ကို လျော့ကျစေပါတယ်။
၃။ အခွံချွတ်မထားတဲ့ ကောက်နှံစာတွေဖြစ်တဲ့ နံနက်စာကွေကာ၊ အညိုရောင်ပေါင်မုန့်၊ လတ်ဆတ်တဲ့ သစ်သီးစတဲ့ အမျှင်ဓာတ်တွေ ပါဝင်တဲ့ နံနက်စာကို စားပေးတာက ဆာလောင်မှုကိုလျော့စေပြီး နေ့လယ်စာမစားခင်နဲ့ ညစာမစားခင်မှာ သရေစာစားချင်စိတ်ကို လျော့ကျစေပါတယ်။ ဒါ့အပြင် အမျှင်ဓာတ် ပါဝင်မှုကြောင့် ၀မ်းမှန်မှန်သွားစေပြီး ၀မ်းဗိုက်ကို ချပ်ရပ်စေပါတယ်လို့ ဆိုပါတယ်။
ညအိပ်နေတဲ့ အချိန်မှာ အစာအိမ်ဟာ အစာနဲ့ အနည်း ဆုံး ၈နာရီမှ ၁၀ နာရီထိ ကင်းကွာနေတာကြောင့် ဘာကြောင့်ပဲဖြစ်ဖြစ် မနက်စာကို ကောင်းကောင်းစားပေးသင့်ပါတယ်။ နေ့တစ်နေ့ရဲ့ ပထမဆုံးအစာဖြစ်တဲ့ မနက်စာကို မစားဘဲကျော်လွှားကြသူတွေဟာ ကယ်လိုရီများတဲ့အစာတွေကို မြင်တဲ့အခါ ပိုပြီးစိတ်လှုပ်ရှားအောင် ဦးနှောက်က လှုံ့ဆော်ပေးနေပါတယ်လို့ ဆိုထားပါတယ

No comments:
Post a Comment