ကိုယ်ရေးအကျဉ်း
အမည် - နာယွန်ချွိုင်
ဇာတိ - တောင်ကိုရီးယား
မွေးသက္ကရာဇ် - ၂၈-၁၀-၈၇
အရပ် - ၅ ပေ ၅ လက်မ
ပရိုစ - ၂၀၀၄
LPGA စ - ၂၀၀၈
နိုင်ပွဲပေါင်း - ၁၂
ဆုကြေး - သုံးသန်း
အမည်ပြောင် - NYC
စပွန်ဆာ - SK Telecom
Monday, October 24, 2011
အာဆီယံ ချန်ပီယံရှစ် နောက်ဆုံး ဗိုလ်လုပွဲသို့ မြန်မာ အမျိုးသမီး အသင်း တက်ရောက်
အောက်တိုဘာ (၂၃)ရက်နေ့က ယှဉ်ပြိုင် ကစားခဲ့သည့် ၂၀၁၁ခုနှစ် အာဆီယံ ချန်ပီယံရှစ် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ် ပွဲစဉ်တွင် မြန်မာ အမျိုးသမီး အသင်းက ဗီယက်နမ် အမျိုးသမီး အသင်းအား (၂-၁)ဖြင့် အနိုင်ရရှိကာ နောက်ဆုံး ဗိုလ်လုပွဲသို့ တက်ရောက် နိုင်ခဲ့ပြီ ဖြစ်သည်။
မြန်မာအသင်းသည် ဗီယက်နမ် အသင်း၏ ပထမပိုင်း (၄၃)မိနစ် ဦးဆောင်ဂိုးကြောင့် နောက်မှ လိုက်ကစား ခဲ့ရပြီး ဒုတိယပိုင်းတွင် သန်းသန်းထွေး၊ နော်အားလိုဝါးဖော တို့က ချေပဂိုးနှင့် အနိုင်ဂိုး တို့အား သွင်းယူပေးကာ ဖိုင်နယ် တက်ရောက် စေခဲ့ခြင်း ဖြစ်သည်။
မြန်မာအသင်း နည်းပြချုပ် ဖြစ်သူ ကူမာဒါက "ကျွန်တော်တို့ ရည်မှန်း ခဲ့တာက ပထမပိုင်းမှာ ဂိုးမရှိ သရေကျနေဖို့ပါ။ ပထမပိုင်း ပြီးခါနီ တစ်ဂိုး ပေးလိုက်ရတာကြောင့် ကျွန်တော်တို့ စိတ်ပျက် စရာ ဖြစ်ခဲ့ပါသေးတယ်။ ဒါပေမဲ့ ဒုတိယပိုင်းမှာ စိတ်အေးအေး ထားဖို့နဲ့ မစိုးရိမ်ဖို့ မှာခဲ့ပါတယ်။ ဗီယက်နမ်က ပွဲကို အရှိန်လျှော့ချ ဖို့ ကြိုးစားလာတော့ ကျွန်တော်တို့ တောင်ပံတွေကို အားပြု ကစားခဲ့ရပါတယ်။ ဒါကပဲ ပွဲရလဒ်ကို အပြောင်းအလဲ ဖြစ်စေခဲ့ပါတယ်" ဟု ဆီမီးပွဲနှင့် ပတ်သက်၍ ပြောကြားခဲ့သည်။
မြန်မာအသင်းသည် ဗီယက်နမ် အသင်း၏ ပထမပိုင်း (၄၃)မိနစ် ဦးဆောင်ဂိုးကြောင့် နောက်မှ လိုက်ကစား ခဲ့ရပြီး ဒုတိယပိုင်းတွင် သန်းသန်းထွေး၊ နော်အားလိုဝါးဖော တို့က ချေပဂိုးနှင့် အနိုင်ဂိုး တို့အား သွင်းယူပေးကာ ဖိုင်နယ် တက်ရောက် စေခဲ့ခြင်း ဖြစ်သည်။
မြန်မာအသင်း နည်းပြချုပ် ဖြစ်သူ ကူမာဒါက "ကျွန်တော်တို့ ရည်မှန်း ခဲ့တာက ပထမပိုင်းမှာ ဂိုးမရှိ သရေကျနေဖို့ပါ။ ပထမပိုင်း ပြီးခါနီ တစ်ဂိုး ပေးလိုက်ရတာကြောင့် ကျွန်တော်တို့ စိတ်ပျက် စရာ ဖြစ်ခဲ့ပါသေးတယ်။ ဒါပေမဲ့ ဒုတိယပိုင်းမှာ စိတ်အေးအေး ထားဖို့နဲ့ မစိုးရိမ်ဖို့ မှာခဲ့ပါတယ်။ ဗီယက်နမ်က ပွဲကို အရှိန်လျှော့ချ ဖို့ ကြိုးစားလာတော့ ကျွန်တော်တို့ တောင်ပံတွေကို အားပြု ကစားခဲ့ရပါတယ်။ ဒါကပဲ ပွဲရလဒ်ကို အပြောင်းအလဲ ဖြစ်စေခဲ့ပါတယ်" ဟု ဆီမီးပွဲနှင့် ပတ်သက်၍ ပြောကြားခဲ့သည်။
Saturday, October 22, 2011
သမ္ဗုဒ္ဓေအကျိုး နှင့် တန်ခိုးအနန္တ
သမ္ဗုဒ္ဓေဂါထာတော်သည် မြတ်ဗုဒ္ဓဟောကြားခဲ့သော ဂါထာမဟုတ်ပါ။
သမ္ဗုဒ္ဓေဂါထာတော်မြတ်သည် ပိဋကတ်သုံးပုံတွင် ပါဝင်သော ဂါထာလည်း မဟုတ်ပါ။
သမ္ဗုဒ္ဓေဂါထာကို မည်သူက စတင်ဖွဲ့နွဲ့ သီကုံးခဲ့သည်ကိုလည်း မသိရပါ။
သို့သော် မြတ်ဗုဒ္ဓ၏ သာသနာအလင်းရောင် မြန်မာနိုင်ငံဝယ် စတင်ဖြန့်ကျက်သည့် သထုံခေတ်မှ စတင်ပေါ်ပေါက်လာသည်ဟုသာ ရဟန်းပညာရှိ၊ လူပညာရှိများက ခန့်မှန်းခဲ့ကြသည်။
ထိုသထုံခေတ် သာသနာတော် လင်းရောင်ခြည် စတင်ထွန်းလင်းသည့်ခေတ်မှသည် မြန်မာနိုင်ငံတဝန်းသို့ သမ္ဗုဒ္ဓေဂါထာတော်မြတ်ကြီး ပျံ့နှံ့ခဲ့ပါသည်။
ဤသို့ သမ္ဗုဒ္ဓေဂါထာတော်မြတ်ကြီး ပျံ့နှံ့သွားခြင်းမှာ သမ္ဗုဒ္ဓေဂါထာတော်မြတ်သည် ရိုးရိုးကုသိုလ်ရအောင် ဘုရားရှိခိုးအဖြစ်သာမက ယခုမျက်မှောက်ဘဝ၌ တွေ့ကြုံရင်ဆိုင်ရမည့် ဘေးဆိုးအမျိုးမျိုး၊ အန္တရာယ်ဆိုး အဖုံဖုံတို့မှ လက်တွေ့ မျက်တွေ့ ပွဲတွေ့ အန္တရာယ်ကင်းကြသည်ကို တွေ့ကြုံခံစားကြရသဖြင့် နာမည်ကြီးပြီး ပူဇော်ကန်တော့ကြခြင်း၊ ရွတ်ဖတ်သရဇ္ဈာယ်ကြခြင်း ဖြစ်သည်။
Tuesday, October 18, 2011
အာဆီယံ ချန်ပီယံရှစ် အဖွင့်ပွဲတွင် မြန်မာ အမျိုးသမီး အသင်း ဖိလစ်ပိုင်အား ၂-၀ဖြင့် အနိုင်ရရှိ
လာအိုနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျှက် ရှိသည့် အာဆီယံ ချန်ပီယံရှစ် အမျိုးသမီး ဘောလုံးပြိုင်ပွဲ အုပ်စုအဖွင့်ပွဲတွင် မြန်မာအသင်း အနေဖြင့် ဖိလစ်ပိုင် အသင်းအား ၂-၀ဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။
မြန်မာအမျိုးသမီး အသင်းအတွက် အနိုင်ဂိုးများအား မိုင်နီလာထွေး တစ်ဦးတည်းက သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။ အဆိုပါ နိုင်ပွဲနှင့် ပတ်သက်၍ မြန်မာအမျိုးသမီး လက်ရွေးစင် နည်းပြ ကူမာဒါက "ဒီနေ့ပွဲမှာ ဂိုးအများကြီး
သွင်းနိုင်ဖို့ မျှော်လင့်ခဲ့ပေမယ့် ဖိလစ်ပိုင် အသုးဟာ ကျွန်တော်တို့ အသင်းကို အခက်တွေ့အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ကျွန်တော့်အသင်းက ကစားသမားတွေဟာ ပထမပွဲမှာ ညွှန်ကြားထားတဲ့ အတိုင်း ကစားနိုင်ခဲ့ပေမယ့်
ဂိုးတွေ လုံလောက်အောင် မသွင်းနိုင်ခဲ့ပါဘူး။ နောက်ပွဲတွေမှာတော့ ဒီနေ့ပွဲက ခြေစွမ်းထက် ပိုမိုကောင်းမွန်အောင် ကြိုးစားသွားမှာ ဖြစ်ပြီး အားနည်းချက် အချို့ကိုလည်း ကုစားသွားမှာပါ" ဟု ပြောကြားခဲ့သည်။
ပွဲစဉ်များ အကျဉ်းချုပ် နှင့် အောင်ပွဲရ ပုံရိပ်များ
2011 BIDC Cup - မဲခေါင်ဒေသတွင်း နိုင်ငံများ ဖိတ်ခေါ်ဖလား ကို ကမ္ဘောဒီးယား နိုင်ငံ က အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပါတယ် ၊ မြန်မာ U -21 အသင်း ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ အုပ်စု မှာတော့ အိမ်ရှင် ကမ္ဘောဒီးယား ၊ လာအို၊ ဗီယမ်နမ် တို့ ဖြစ်ကြပါတယ် ၊ပထမဆုံး ပွဲမှာ လာအို အသင်းကို ၄ - ၀ နဲ့ ဂိုးပြတ် အနိုင်ရခဲ့ပြီး ၊ ဒုတိယပွဲစဉ် မှာ အိမ်ရှင် ကမ္ဘောဒီယား နှင့် ၂ -၂ သရေ ကျပြီး Semi Final သို့ တက်ရောက်ခဲ့ပါတယ် ။
Semin Final ပွဲစဉ် တွင် ဗီယမ်နမ် နှင့် ကစားစဉ် ၊ First half တွင် 0 -1 နှင့် ရှုံးနိမ့်ခဲ့သော်လည်း ၊Second Half ချေပဂိုး ပြန်သွင်းနိုင်ခဲ့တဲ့ အတွက် ပွဲစဉ် ၉၀ အတွင်း 1-1 နဲ့ အဆုံးသတ်ခဲ့ရပါတယ် ၊ ပင်နယ်တီ အဆုံးအဖြတ်တွင်တော့ မြန်မာဂိုးသမား လက်စွမ်းပြ ကာကွယ်နိုင်ခဲ့တာကြောင့် 6-5 နဲ့ အနိုင်ယူကာ Final သို့ တက်ရောက်နိုင်ခဲ့ကြောင်း သိရပါတယ် ။
Final တွင် မြန်မာ သည် ပြိုင်ဘက် ထိုင်းအသင်းနှင့် ယှဉ်ပြိုင်ရာ ၊ ပွဲချိန် ၄၂ တွင် ထိုင်းအသင်းက ဦးဆောင်ဂိုး ရရှိခဲ့ပြီး ၊ ပွဲချိန် ၄၃ တွင် မြန်မာအသင်းက ချေပဂိုးကို ချက်ချင်း သွင်းယူနိုင်ခဲ့လို့ First Half အပြီး 1-1 နဲ့ အဆုံးသတ်ခဲ့ပါသည်။ Second Half တွင် ဂိုးမရှိ သရေနဲ့ ပွဲချိန် ၉၀ ကို 1-1 နဲ့ အဆုံးသတ်ခဲ့ပါသည်။ အချိန်ပို ဆက်ကစားရာ အချိန်ပို ပထမပိုင်း ဂိုးသွင်းယူနိုင်ခြင်း မရှိခဲ့ကြပါ ။ ဒုတိယပိုင်း အစ ၁ မိနစ် (106 မိနစ် )တွင် မြန်မာ ကွင်းလယ် ကစားသမား သက်နိုင်မှာ အဆုံးအဖြတ် အနိုင်ဂိုးကို သွင်းယူနိုင်ခဲ့ပြီး ၊ BIDC ဖလားကို ရယူခဲ့ကြောင်း သိရှိရပါသည်၊
အောင်ပွဲရ မြန်မာအသင်း သည် 17.10.2011 တွင် မြန်မာနိင်ငံသို့ ပြန်လည် ရောက်ရှိခဲ့ပြီး ၊
ချန်ပီယံ Myanmar U -21အသင်းကို Sedona Hotel တွင် ဂုဏ်ပြု ညစာစားပွဲ နှင့် တေးသံရှင်များနဲ့ ဖျော်ဖြေ ဂုဏ်ပြုကြိုဆို ခဲ့ကြောင်း ၊ ဆုတော်ငွေ အမြောက်အမြားကိုလည်း ဆုချခဲ့ကြောင်း သိရပါသည် ၊
2011 BIDC Champion မြန်မာ U-21 အသင်းအောင်ပွဲရ ပုံရိပ်များ
![]() | |
ဦးဇော်ဇော်၏ ဇနီး ဒေါ်ဌေးဌေးခိုင်မှ BIDC ချန်ပီယံမြန်မာအသင်းအား ဂုဏ်ပြုဆုငွေ ချီးမြှင့် |
![]() | |
အားပေးခဲ့သော မြန်မာ ပရိသတ်များ |
![]() | |
အားပေးခဲ့သော မြန်မာပရိသတ်များ |
![]() | ||
2011 BIDC ချန်ပီယံ မြန်မာအသင်း |
![]() |
Sedona Hotel ဂုဏ်ပြုညစာ စားပွဲ ဦးဇော်ဇော် မှ အောင်ပွဲရ အသင်း ဂုဏ်ပြု |
![]() |
2011 BIDC Cup - Champion Myanmar |
Subscribe to: Posts (Atom)
No comments:
Post a Comment