Sep 17, 2012

Uninstall လုပ်၍ မရသော ပြဿနာ


ညီအစ် ကို တစ်ယောက်က မူလက kasper ကို အသုံးပြုပြီး
Nod 32 ကိုပြောင်းလဲသုံးစွဲ ရာမှာ kasper ကိုဖြုတ်ချလို့ မရဟူသော
အခက်အခဲလေးကို ဖတ်ရှုလိုက်ရလို့ ဒီပို့စ် လေးကို ရေးသားလိုက်ရခြင်းပါ
ဗျာ သိရှိပြီးသား လူတွေကိုတော့ ထုံးစံအတိုင်း sorry ပေါ့ဗျာ.. ( ဟဲ ဟဲ)
ဒီလိုပါ ပဲ တစ်ချို့သော software တွေကို Uninstall လုပ်တဲ့ အခါမှာ
လုပ်လို့ မရဘဲ ပေကပ်ကပ် လုပ်နေတဲ့ အခြေ အနေမျိုး လူတိုင်းကြူံဖူးကြမှာပါ
ကိုယ့် ကွန်ပျူတာ ကို သံယောဇဉ် တွယ်နေတာ လဲဖြစ်နိုင်တာ ပေါ့လေ
စကားကြော လဲနည်းနည်းရှည်သွားပြီ
အောက် ပါအတိုင်း လုပ်ဆောင် လိုက်ပါ ဗျာ
၁။ Start – Run – regedit ဟု ရိုက်ထည့်ပြီး OK
၂။ HKEY_LOCAL-MACHINE\Software\Microsoft\Windows\
CurrentVersion\Uninstall အောက်ရှိ မိမိ Uninstall လုပ်ချင်သော
Software ကို Click လုပ်ပါ။
၃။ ညာဘက်ရှိ Box ထဲတွင် UninstallString file အား
Double Click ပါ။ Value Data: အောက်ရှိ Box တွင်
C:\Program Files\WordWeb\uninst.exe ကို Copy လုပ်ပြီး OK ပေးပါ။
၎။ Start – Run ထဲတွင် C:\Program Files\WordWeb\uninst.exe
ကို Paste လုပ်ပြီး OK ပေးပါ။ Uninstall အား ပုံမှန်အတိုင်း
အဆင့်ဆင့် လုပ်ဆောင်သွား၇ပါမယ်

Sep 16, 2012

ဆေးလိပ်သောက်သောအမျိုးသားများ ပန်းသေပန်းညှိုးဖြစ်တတ်သည်တဲ့ ♠♠




 


၊ပျှမ်းမျှခြင်းအားဖြင့် ဆေးလိပ်တလိပ်ဟာ အသက် ၁၁ မိနစ်တိုစေနိုင်ကြောင်း သိရပါတယ်။ အင်္ဂလန်မှာ
တစ်နေ့လျှင် ဆေးလိပ်သောက်တ့ငဲ ယ်ရွယ်သူ ၃၀၀ ဦးခန့်ဟာ ဆေးလိပ်ကြောင့် သေဆုံး ရပါတယ်။
အသက်၇၀ နှစ်အောက် သေဆုံးသူများတွင် ဆေးလိပ်သောက်ခြင်းနဲ့
ဆက်စပ်နေတဲ့ ရောဂါတွေကြောင့် သေဆုံးသူဦးရေဟာ ရင်သားကင်ဆာ၊ AIDS ၊ ယာဉ်မတော်တဆမှုနဲ့
မူးယစ်ဆေးစွဲမှုတို့ကြောင့် သေဆုံးရမှုတွေထက်ပိုများပါတယ်။ ဆေးလိပ်သောက်ခြင်းကြောင့်
ကင်ဆာ၊ နှလုံးသွေးကြောဆိုင် ရာရောဂါများ၊ သွေးတိုးရောဂါ၊ လေဖြတ်ခြင်း၊ သွေးကြောများနှင့်
ဦးနှောက်တွင် သွေးခဲပိတ်ဆို့ခြင်း၊ နာတာရှည်အသက်ရှူလမ်းကြောင်း
ဆိုင်ရာရောဂါများ၊ကျောက်ကပ်ပျက်စီးခြင်း၊ ခြေထောက်ပုပ်ခြင်း၊ မှတ်ညာဏ်ချို့ယွင်းခြင်း စတြဲ့ပဿနာတွေဖြစ်နိုင်
ပါတယ်။ နှလုံးသွေးကြောကျဉ်းရော ဂါ၊ ရင်ဘတ်အောင့်နှလုံးရောဂါ စတာတွေဟာ ပြင်းထန်ပြီး သေစေနိုင်ပါတယ်။
ကင်ဆာရောဂါတွေထဲမှာ အထူးသဖြင့် အဆုတ်ကင်ဆာက အဖြစ်များပါတယ်။
အဆုတ်ကင်ဆာရောဂါသည်တွေရဲ့ ၉၀ ရာခိုင်နှုန်းဟာ ဆေးလိပ်သောက်ခြင်းကြောင့်ဖြစ်တယ်။ ဆေးလိပ်
အလယ်အလတ်သောက်သူ ၁၀ ဦးမှာ ၁
ဦးနဲ့ အများကြီးသောက်သူ( တစ်ရက်ကို စီးကရက် ၁၅ လိပ်ထက် ပိုသောက်သူ) ၅ ဦးမှာ ၁ ဦးဟာ
အဆုတ်ကင်ဆာဖြစ်ပြီး သေဆုံးပါတယ်။ ပါးစပ်ကင်ဆာဖြစ်ပွားမှုဟာ ဆေးလိပ်သောက်သူတွေမှာ
မသောက်သူတွေထက် ၄ဆ ပိုများပါတယ်။ ဆီးအိမ်ကင်ဆာ၊
အစာရေမျိုကင်ဆာ၊ ကျောက်ကပ်ကင်ဆာ၊ ပန်ကရိယကင်ဆာ၊ တင်ပါးဆုံရိုးကွင်းကင်ဆာ
စတာတွေလည်း ဖြစ်ပွားနိုင်ပါတယ်။ သန္ဓေအောင်မှုဆိုင်ရာ ပြဿနာများ၊ ပန်းနာရင်ကျပ်၊
မျက်စိမြင်လွှာထိခိုက်ပျက်စီးခြင်း၊ ရေတိမ်ရောဂါ၊
ခံတွင်းအနံ့ဆိုးခြင်း၊ အနံ့အရသာ အာရုံများပျက်စီးခြင်း၊ သွားနှင့် သွားဖုံးများအရောင်စွန်းထင်ြး
ခင်းစတာတွေလည်းဖြစ်နိုင်လို့
ဆေးလိပ်သောက်ခြင်း ဟာ ကိုယ်ရည်ကိုယ်သွေးတောက်ပြောင်မှုကိုပါ
ထိခိုက်နိုင်ပါတယ်။ ဆေးလိပ်သောက်ခြင်းကြောင့် သွေးကြောကြီးငယ်များကို
ကျဉ်းမြောင်းစေပြီး ထိခိုက်ပျက်စီးစေတာကြောင့် ခန္ဓာကိုယ်အနံ့အင်္ဂါများကို သွေးပို့လွှတ်မှု နည်းပါးစေပါတယ်။
စီးကရက်တစ်လိပ်ကလေးကတောင်မှ သင့်ရဲ့ အရေပြားကို သွေးထောက်ပံ့မှု ၁
နာရီကြာအောင် လျော့ကျစေပါတယ်။ အရေပြားတွေဟာ မွဲညစ်လာပြီး အရေးကြောင်းတွေလည်း
များလာစေပါတယ်။
ဒါဟာအရေပြားကို သွေးထောက်ပံ့မှုအားနည်းသွားရုံသာမက ဗီတာမင် အေ ပမာဏကိုပါ လျော့ကျစေလို့ပါပဲ။
ဒါကြောင့် စမတ်ကျပြီး ကြည့်ကောင်းတဲ့ သူဖြစ်ချင်ရင် ဆေးလိပ်မသောက်ပါနှင့် ။
ဆေးလိပ်နှင့် ပန်းသေပန်းညိုးရောဂါ
ဆေးလိပ်ဟာ အမျိုးသားတွေမှာ သီးသန့်ဖြစ်တဲ့ ကျန်းမာရေးပြဿနာတွေလည်း ရှိပါတယ်။ အဲဒီထဲက
တစ်ခုကတော့ ပန်းသေပန်းညိုးရောဂါပါပဲ။ အမျိုးသားများ ကျန်းမာကြံ့ခိုင်တဲ့ လိင်မဘှု ၀ကို
ရရှိလိုရင် ဆေးလိပ်မသောက်ပါနှင့်။ ကျန်းမာတဲ့ သားသမီးရတနာလေးတွေရဲ့ ဖခင်ဖြစ်လိုလျှင် ဆေးလိပ်
မသောက်ပါနှင့်။
ဆေးလိပ်သောက်ခြင်းကြောင့်ကျားလိင်အင်္ဂါကို ထောက်ပံ့ပေးနေတဲ့ သွေးကြေားလေးတွေ ကျဉ်းမြောင်း
ထိခိုက်ပျက်စီးမှု ရှိလာပါတယ်။ အမျိုးသား တစ်ဦးဟာ ဆေးလိပ်ကို ပိုများများန့ပဲိုပြီးကြာရှည်စွာသောက်လေလေ
သက်လတ်ပိုင်းမှာ ပန်းသေပန်းညိုးဆိုင်ရာ ပြဿနာများကိုပိုမိုခံစားရလေလေ
ဖြစ်ပါတယ်။ lahey Hitchcock ဆေးပညာဌာနရဲ့ သုတေသနအရ ဆေးလိပ်သောက်ခြင်းဟာ အိပ်နေစဉ်
အလိုအလျောက် လိင်အင်္ဂါနိုးကြားခြင်းဖြစ်ပေါ်တဲ့ အကြိမ်အရေအတွက်ကို သိသိသာသာ
နည်းပါးသွားစေကြောင်းတွေ့ရပါတယ်။ အဲဒီအကြိမ်အရေအတွက် ဟာ သွေးစီးဆင်းမှုနဲ့ လိင်မှုဘ၀ Sex Life ရဲ့
အရည်အသွေးကို အထင်ရှားဆုံးညွှန်ပြမှုဖြစ်ပါတယ်။ အဲဒီနိုးကြားမှု အကြိမ်အရေ
အတွက်နဲ့ ပြင်းထန်မှုတို့လျော့ပါးခြင်းဟာ ပန်းသေ ပန်းညိုးရောဂါ (Erectile Dysfunction ) ဖြစ်ပွားနိုင်တဲ့
အခြေအနေရှိကြောင်းညွှန်ပြနေပါတယ်။
အသက် ၃၀ မှ ၄၀ နှစ်အတွင်း အမျိုးသားတွေမှာ ဆေးလိပ်သောက်သူတွေဟာ Erectile Dysfunction ( E D
)ဖြစ်ပွားမယ့် အန္တရာယ်
ငါးဆယ်ရာခိုင်နှုန်းပိုများပါတယ်။ ဗြိတိသျှဆရာဝန်အသင်းရဲ့ ခန့်မှန်းမှုအရ ဗြိတိန်မှာ ဆေးလိပ်သောက်ခြင်းကြောင့်
E D ဖြစ်ပွားခံစားနေရသူ အမျိုးသား
၁၂၀၀၀၀ ဦးခန့်ရှိကြောင်းသိရပါတယ်။ ပန်းသေပန်းညိုးရောဂါဟာ ဆက်ဆံရေးပြိုကွဲမှု ၊ စိတ်ကျရောဂါ ၊
စိုးရိမ်ပူပန်မှု လွန်ကဲရောဂါ၊
မိမိကိုယ်မိမိ ယုံကြည်စိတ် ပျောက်ဆုံးခြင်းစတဲ့ လူမှုရေးနှင့် စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကိုပါ၊ ဖြစ်ပေါ်စေပါတယ်။
သတင်းကောင်းကတော့
ဆေးလိပ်ဖြတ်လိုက်ရင် ၂၄ နာရီကြာတဲ့အခါမှာ
လိင်အင်္ဂါအလိုအလျောက်နိုးကြား ထောင်မတ်နိုင်သောအရည်အသွေး သိသိသာသာ တိုးမြင့်လာပါတယ်။
တစ်နေ့မှာ စီးကရက်အလိပ် ၂၀ အထက်သောက်တဲ့ အမျိုးသားများဟာ မသောက်တ့သဲူတွေနဲ့ ယှဉ်ရင်
ပန်းသေပန်းညိုးရောဂါ ဖြစ်ပွားဖို့ အန္တရာယ်အခွင့်အလမ်း ၆၀ ရာခိုင်နှုန်းပိုများပါတယ်။ ဆေးလိပ်သောက်နေသူများရဲ့
၁၅ ရာခိုင်နှုန်း ပန်းသေပန်းညိုးပြဿနာရှိနေကြောင်း တေ့ရွ တယ်။ ကျေနပ်မှုရှိတဲ့ လိင်မှုဘ၀ကို
ရရှိလိုတယ်ဆိုရင် ဆေးလိပ်ဖြတ်ဖို့ လိုပါမယ်။
ဆေးလိပ်နဲ့ မျိုးဆက်ပွားမှု
ဆေးလိပ်ထဲမှာပါတဲ့ နီကိုတင်းဓာတ်ဟာ သုတ်ပိုးကောင်တွေကို ထိခိုက်ပျက်စီးစေပါတယ်။ အဲဒီလို
ထိခိုက်ပျက်စီးနေပေမဲ့ သုတ်ပိုးရဲ့ DNA
ဟာ ဆေးလိပ်သောက်နေဆဲအချိန်မှာ ပြန်လည်ပြုပြင်နိုင်စွမ်း မရှိပါဘူး။ နီကိုတင်းအပြင် ဆေးလိပ်မှာပါတဲ့
ဓာတုပစ္စည်းအချို့တွေကလည်း မျိုးဗီဇမှာ
ချို့ယွင်းမှုတွေဖြစ်စေနိုင်ပြီး ကိုယ်ဝန်ပျက်ကျခြင်း၊ မွေးလာသော ကလေးတွင် ချို့ယွင်းချက်များပါလာခြင်း၊
ကင်ဆာရောဂါနှင့် အခြားကျန်းမာရေး
ပြဿနာများပါလာခြင်းတို့ ဖြစ်တတ်ပါတယ်။ သူတ်ပိုး ထုတ်လုပ်မှုသံသရာ ကွင်းဆက်ဟာ ၇၄ ရက်ကြာမြင့်ပါတယ်။
ဆိုလိုတာက ဆေးလိပ်ဖြတ်လိုက်ပြီးနောက် ၇၄ ရက်ခန့်ကြာရင် သုတ်ပိုးအသစ်များ ဖြစ်နိုင်ပါတယ်။ ဒါကြောင့်
ကျန်းမာရေးကြံခိုင်တ့ကဲ လေးကို ရယူလိုတဲ့ ဖခင်လောင်းတစ်ဦးဟာ ကလေးယူတော့မယ်ဆိုရင် ကလေးမယူခင်
အနည်းဆုံး ၃ လခန့် ကြိုပြီး ဆေးလိပ်ဖြတ်သင့် ပါတယ်။ ဆေးလိပ်သောက်ခြင်း၊ မသောက်ခြင်းဟာ
လူတစ်ဦးချင်းစီရဲ့ ရွေးချယ်မှုဆိုပေမယ့် သား၊သမီးကို ကျန်းမာရေးပြဿနာ
အမွေဆိုးမပေးလိုရင် ကလေးမယူခင် ဆေးလိပ်ဖြတ်ပါ။ အဲဒီနောက်ပိုင်း ပြန်သောက်မယ်ဆိုရင်လည်းကလေးများနဲ့
အိမ်က မိသားစုဝင်များကို သင့်ရဲ့
ဆေးလိပ်မီးခိုးငေ့ွေ တွကို တစ်ဆင့်ခံ ရှူရှိုက်မိခြင်းမရှိအောင် သင့်ဘက် ဆင်ခြင်ပါ။ အိမ်ရဲ့ ပြင်ပ
သို့မဟုတ် ဆေးလိပ်သောက်သုံးရန်
သီသန့်နေရာတွေ မှာသောက်ပါ။
ဆေးလိပ်ဖြတ်တော့မလား
ဆေးလိပ်ကြောင့်ဖြစ်တဲ့ အန္တရာယ်တွေကို သိနားလည်ပြီး ဆေးလိပ်ဖြတ်တော့မယ်ဆိုရင် မှန်ကန်တဲ့
နည်းလမ်းကိုရွေးဖို့လိုပြီး အမြန်ဆုံးနည်းလမ်းကို မဖြစ်မနေ ရွေးဖို့မလိုပါဘူး။
ဆိုလိုတာက မြန်မြန်ဖြတ်ပြီး မြန်မြန်ပြန်သောက်ဖြစ်တာထက် ဆေးလိပ်တကယ်ပြတ်ဖို့က ပိုပြီးလိုအပ်ပါ
တယ်။ ဆေးလိပ်ဖြတ်လိုက်တာနဲ့ မကြာခင် အထွေထွေကျန်းမာရေးကောင်းမွန်လာမှု၊ အနံ့အရသာ၊
အာရုံတိုးတက်လာမှု၊ နှလုံးရဲ့
လုပ်ဆောင်ချက် ပိုမိုကောင်းမွန်လာမှုတွေကို ခံစားရရှိမှာပါ။
ဆေးလိပ်ဖြတ်ဖို့ဆိုပြီး ဆေးလိပ်သောက်တ့အဲ လေ့အကျင့်ကို စွန့်လွှတ်လိုက်ပြီး မသောက်မိအောင်
စိတ်ကိုထိန်းချုပ်တ့နဲ ည်းနဲ့ ကြိုစားနေကြည့်တဲ့ နည်းဟာ အောင်မြင်ဖို့ မသေချာပါဘူး။
အတွေ့အကြုံတွေအရ ဆေးလိပ်ဖြတ်မယ့်သူက ပထမဦးစွာဆေးလိပ်သောက်သုံးမှု ရပ်စဲမယ့်နေ့တစ်နေ့ကို
သတ်မှတ်ရွေးချယ်ပါ။ ပြီးရင် ဆေးလိပ်လုံးဝမသောက်တော့ပါဘူးဆိုတဲ့ ဆုံးဖြတ်ချက်ကို အောင်မြင်စေမယ့်
စိတ်စွမ်းအားကိုရဖို့ အောက်ပါအချက် ၅
ချက်ရဲ့ အကူညီကိုရယူပါ-
-နီကိုတင်း အစားထိုးကုထုံး
( Nicotine Replacement Treatment )
-Zyban ( Buproplon) ဆေးလိပ်ဖြတ်ဆေး
-Champlx (Varenicline) နီကိုတင်းရဲ့ အာနိသင်ကို တုပခြင်းဖြင့်
ဆေးလိပ်သောက်ချင်စိတ်ကို
လျော့ကျစေတ့ေဲ ဆး
-အမှုအကျင့် ပြောင်းလဲ ပြုပြင်ခြင်းအစီအစဉ်များ
-နှိပ်နယ်ခြင်း၊ အပ်စိုက်ခြင်း၊ အိပ်မေ့ချွခြင်း စတဲ့ ကုထုံးများ၊
လေ့လာမှုတွေအရ ဆေးလိပ်ဖြတ်တ့အဲ စီအစဉ်တွေမှာ ပါဝင်ဆင်နွဲပြီး အပြုအမှုပြောင်းလဲခြင်းကုထုံး၊ ဆေးဝါးကုထုံး
စတာတွေနဲ့ ဆေးလိပ်ဖြတ်ဖို့
ကြိုးစားတာဟာ ကိုယ့်ဘာသာကိုယ် စိတ်ကိုတင်းပြီး စိတ်စွမ်းအားနဲ့ ဆေးလိပ်ဖြတ်တာထက် အောင်မြင်မှုနှုန်း ၃၀
ရာခိုင်နှုန်းကျော်
ပိုများတယ်လို့သိရပါတယ်။
ဆေးလိပ်သောက်သုံးသူ အမျိုးသားများ´ ဆေးလိပ်နှင့်ကျန်းမာရေးကြိုက်ရာရွေး´ ဒါမှမဟုတ် ´ဆေးလိပ်နှင့်
တက်ကြွပျော်ရွှင် အိမ်ထောင်ရှင်ဘ၀´
ကြိုက်ရာရွေးပါ။

Sep 14, 2012

Go Away Stress



စိတ်ဖိစီးမှုဆိုတာ လူသားတိုင်းအတွက် ရှောင်လွှဲလို့လည်းမရ ခဏခဏလည်း ကြုံတွေ့နေရတဲ့ မတည့်အတူနေရန်သူကြီးပေါ့။ စာမေးပွဲအတွက်၊ အလုပ်အတွက်၊ လူမှုရေးကိစ္စအတွက်၊ စီးပွားရေးကိစ္စအတွက်၊ ကျန်းမာရေးအတွက်၊ ကိုယ့်အတွက်၊ သူများအတွက် စိတ်ညစ်စရာကိစ္စတွေ၊ စိတ်ရှုပ်စရာတွေ၊ စိတ်မကောင်းစရာတွေနဲ့ခဏခဏ အမြဲတမ်းနီးပါး စိတ်ဖိစီးမှုခံနေရတတ်ပါတယ်။ စိတ်ထောင်းလို့ ကိုယ်ကြေတတ်ပါတယ်။ ခုခေတ် သွေးတိုး၊ နှလုံး စတဲ့ ရောဂါတွေဟာ စိတ်ဖိစီးမှုနဲ့ ဆက်နွယ်နေတဲ့ ကြောက်စရာ ရောဂါတွေပါပဲ။ ပြီးတော့ စိတ်ဖိစီးမှုများရင် ရုပ်လည်းရင့်ပြီး ကိုယ့်ကိုမြင်ရတဲ့သူတွေလည်း စိတ်ချမ်းသာမှာ မဟုတ်ပါဘူး။ စိတ်ဖိစီးမှုမှာ မကောင်းတဲ့ နောက်တော်ပါးတွေက အများကြီးပဲနော်။ ဒါ့ကြောင့် စိတ်ပျိုလို့ ကိုယ်နုစေဖို့ စိတ်ဖိစီးမှုတွေကို လျော့ပါးစေနိုင်တဲ့ နည်းလမ်းကောင်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။
Diet
- သင့်ခန္ဓာကိုယ်က မဂ္ဂနီစီယမ်နဲ့ ပိုတက်ဆီယမ်ဓာတ်တွေ လုံလောက်စွာမရရှိဘူးဆိုရင် စိတ်လှုပ်ရှားလွယ်တတ်ပါတယ်။
- ဒါကြောင့် မဂ္ဂနီစီယမ်နဲ့ ပိုတက်ဆီယမ်ဓာတ် လုံလောက်စွာပါတဲ့ အစားအစာတွေကို စားသုံးပေးပါ။
- စိတ်ဖိစီးမှုဒဏ်ကို ခန္ဓာကိုယ်က ခံနိုင်ရည်ရှိစေဖို့ ဗီတာမင်စီကြွယ်ဝတဲ့ အစားအစာတွေကိုလည်း စားသုံးပေးသင့်တယ်နော်။
- ဘယ်အစားအစာမှာ ဘယ်ဓာတ်ပါတယ်ဆိုတာကို သဘာဝရဲ့ အာဟာရမှာ ဖတ်ကြည့်နော်။
Ditch the coffee
- ကော်ဖီ၊ လ္ဘက်ရည်၊ ချောကလက်နဲ့ သကြားတို့ဟာ စိတ်ဖိစီးမှုကို ပိုဆိုးစေပါတယ်။
- ပြီးတော့ အိပ်ချင်စိတ်ကို လျော့နည်းစေလို့ အိပ်ရေးလည်းပျက်စေနိုင်ပါတယ်။
- အိပ်ရေး၀၀အိပ်စက်ခြင်းဟာ စိတ်ဖိစီးမှု၊ စိတ်လှုပ်ရှားမှုတွေကို လျော့နည်းစေပါတယ်။
- ဒါကြောင့် အိပ်ရာမ၀င်မီ ကော်ဖီ၊ လ္ဘက်ရည်၊ ချောကလက်နဲ့ သကြား စားသုံးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။
Meditate
- တရားထိုင်တာဟာ စိတ်ကို တည်ငြိမ်အေးချမ်းစေပြီး ကျန်းမာရေးကိုလည်း အထောက်အကူပြုပါတယ်။
- ဒါကြောင့် စိတ်လှုပ်ရှားလွယ်တဲ့သူတွေ၊ မကြာခဏ စိတ်ဖိစီးမှုဒဏ်ခံရတဲ့သူတွေဟာ တရားထိုင်ပြီး စိတ်ကို ပြေလျော့အောင် ထိန်းပေးသင့်ပါတယ်။
Build up your self esteem
- စိတ်လှုပ်ရှားလွယ်ပြီး စိတ်ဖိစီးမှု ခဏခဏဖြစ်တတ်တဲ့သူတွေဟာ ကိုယ့်ကိုယ်ကိုယုံကြည်မှုနည်းတာကို တွေ့ရပါတယ်။သင်ရော ကိုယ့်ကိုယ်ကိုယုံကြည်မှုနည်းနေပြီလား ??
- စာရွက်ပေါ်မှာ သင့်ရဲ့ ကောင်းတဲ့အချက်တွေကို ချရေးလိုက်ပါ။ “ငါက အရမ်းစမတ်ကျတယ်၊ ဥာဏ်ကောင်းတယ်၊ ငါ့မျက်လုံးလေးတွေကလှတယ်” စသည်ဖြင့်ပေါ့။
- ဒီလိုချရေးခြင်းကြောင့် ကိုယ့်ကောင်းကွက်လေးတွေကို ကိုယ်တိုင်မြင်လာပြီး ကိုယ့်ကိုယ်ကိုယုံကြည်မှု တိုးလာစေပါတယ်တဲ့။
- သတင်းကောင်းတစ်ခု ပြောပြမယ်နော်။
- ခဏခဏ စိတ်ဖိစီးမှုဖြစ်တတ်တဲ့ သူတွေဟာ ထက်မြက်တယ်၊ ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းကောင်းတယ်၊ ဖန်တီးတီထွင်နိုင်စွမ်းလည်းရှိတယ်တဲ့။
- ဘာပဲဖြစ်ဖြစ် စိတ်လှုပ်ရှားလွယ်၊ စိတ်ဖိစီးမှု ခဏခဏဖြစ်တတ်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းလာရင် အလုပ်မှာရော လူမှုရေးမှာပါ ထိခိုက်လာနိုင်ပါတယ်။
- ဒါကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပါ။ အကောင်းမြင်ပါ။ သင့်မှာ ကောင်းတဲ့အချက်တွေ၊ သင့်ကို သူများတွေအားကျရတဲ့အချက်တွေ အများကြီးရှိပါတယ်။
Do the best
- ဘယ်အရာကိုဖြစ်ဖြစ် ကိုယ်တတ်နိုင်သလောက် အကောင်းဆုံးကြိုးစားပြီး ဆောင်ရွက်ပါ။
- သူများတွေလုပ်နိုင်သလို သင်လည်းလုပ်နိုင်ပါတယ်။
- အလုပ်ကို စိတ်ပါဝင်စားစွာနဲ့ ကြိုးစားလုပ်မယ်ဆိုရင်တော့ သူများတွေထက် အများကြီးကို သာမှာပါ။
Don’t hope the return
- ကိုယ်လုပ်ရတာ ကိုယ်ပေးဆပ်ရတာတွေအတွက် ပြန်ရဖို့ အရမ်းမမျှော်လင့်ပါနဲ့။
- ဒါဟာလည်း သင့်အတွက် ကြီးမားတဲ့ ၀န်ထုပ်ဝန်ပိုးနဲ့ စိတ်ဖိစီးမှုကို ဖြစ်စေပါတယ်။
Choose a sounding board
- ကိုယ့်ရဲ့ခံစားချက်ကို ရင်ဖွင့်တာကလည်း စိတ်ဖိစီးမူတွေကို လျှော့နည်းစေပါတယ်။
- သင်နဲ့ အရမ်းရင်းနှီးတဲ့၊ သင့်ခံစားချက်တွေကိုနားလည်ပေးနိုင်တဲ့၊ သင့်အတွက် အကြံဥာဏ်ကောင်းတွေပေးနိုင်တဲ့သူကို သင်ခံစားနေရတာတွေ အကုန်ပြောပြလိုက်ပါ။
- သင့်စိတ်ထဲပေါ့သွားနိုင်သလို သင့်အခက်အခဲတွေအတွက်လည်း အကြံဥာဏ်ကောင်းတွေရနိုင်ပါတယ်။
- ဘယ်သူ့ကိုမှ မပြောချင်တော့ရင်တော့ စာရွက်တစ်ရွက်ပေါ်မှာ သင့်ခံစားချက်တွေ အကုန်ချရေးလိုက်ပါ။
- ချရေးပြီးချင်းချင်းမှာပဲ သင့်စိတ်ထဲပေါ့ပါးသွားပါလိမ့်မယ်။
- နောက်တစ်နာရီ ကြာတဲ့အခါမှာ သင်ရေးထားတာကို သင်ပြန်ဖတ်ကြည့်လိုက်ပါ။
- သင့်စိတ်ဟာ အံသြစရာကောင်းလောက်အောင် တည်ငြိမ်နေပြီး သင့်ပြဿနာအတွက် အရင်ကလောက် စိတ်မညစ်တော့တာ တွေ့ရပါလိမ့်မယ်။
- သင်အရမ်းစိတ်ရူပ်ခဲ့ရတဲ့ အရာတွေအတွက် ဖြေရှင်းနိုင်မယ့်နည်းလမ်းတွေကို လွယ်လွယ်လေးနဲ့ ရှာတွေ့ပါလိမ့်မယ်။
- သင့်ကိုယ်သင်လည်း အရင်ကထက်ပိုပြီးနားလည်လာပါလိမ့်မယ်။
Exercise
- လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် နှလုံးခုန်နူန်းကို မြန်စေပြီး ခန္ဓာကိုယ်သွေးလည်ပတ်မူကို ကောင်းမွန်စေပါတယ်။
- သွေးပေါင်ကိုတဖြေးဖြေးကျစေလို့ စိတ်ဖိစီးမူကြောင့် သွေးပေါင်တက်နေတာကို ပြန်လည်ထိန်းညှိပေးပါတယ်။
- စိတ်ဖိစီးမူကို လျော့စေသလို စိတ်ဖိစီးမူကြောင့် ခန္ဓာကိုယ်မထိခိုက်အောင် ကာကွယ်ပေးပါတယ်။
- ယောဂ၊ ထိုက်ချိ နဲ့ အသက်ရူလေ့ကျင့်ခန်းတွေကို လုပ်ကြည့်ပါ။
- စိတ်ဖိစီးမူကိုရော စိတ်ဖိစီးမူကြောင့် ခန္ဓာကိုယ်မှာဖြစ်နေတဲ့ စိတ်ဖိစီးမူလက္ခဏာတွေကိုပါ သက်သာစေပါတယ်။
Treat yourself
- သင့်ကို စိတ်ဖိစီးမူဖြစ်စေမယ့်အရာတွေကို မေ့ထားလိုက်ပါ။
- သင့်အကြောင်းကိုပဲ စဉ်းစားပါ။
- သင့်ရဲ့ စိတ်ဖိစီးမူတွေကို ဖြေရှင်းပေးရမယ့်သူက သင်ကိုယ်တိုင်ပါပဲ။
- ဒါကြောင့် သင့်စိတ်ဟာ လန်ဆန်းတက်ကြွပြီး အားရှိနေစေဖို့ သင့်စိတ်ကို ပျော်စေမယ့် အရာတွေကို ဆောင်ရွက်ပါ။
- သီချင်းအော်ဆိုခြင်း၊ ဂိမ်းကစားခြင်း၊ ကြက်တောင်ရိုက်ခြင်း၊ Spa သွားခြင်း၊ ကမ်းခြေသွားခြင်းစတဲ့ သင့်လုပ်ချင်တဲ့ အရာတွေကို လုပ်လိုက်ပါ။
- ဟာသကားတွေကိုကြည့်ပါ။
- ရီစရာတွေကို ဖတ်ပါ၊ တွေးပါ။
- စိတ်ချမ်းသာစရာတွေကိုပဲ တွေးပါ။
Believe you can get better
- ဘယ်အခက်အခဲမဆို ဖြေရှင်းနိုင်ဖို့ နည်းလမ်းတွေရှိပါတယ်။
- ပြဿနာကို ဖြေရှင်းနိုင်သလို ပိုကောင်းအောင်လုပ်ပြီး သင့်အစွမ်းကိုပြလိုက်ပါ။
- အခက်အခဲဟာ သင့်အရည်အချင်းကို ပြဖို့ အခွင့်အရေးကောင်းဆိုတာ မမေ့ပါနဲ့။
- အားမငယ်ပါနဲ့။ လက်မလျှော့ပါနဲ့။
- သင့်ဟာပြသနာတွေရဲ့ လွှမ်းမိုးခြင်းကို ခံနေရသူလား။ ပြသနာတွေကို ကိုယ်တွယ်ဖြေရှင်းနိုင်သူလား။
- သင့်စိတ်ကို ပြောင်းလဲ လိုက်ရုံပါပဲ။
Nothing is permanent
- ကောင်းတစ်လှည့် ဆိုးတစ်လှည့် လောကဓံမှာ ဘယ်အရာမှ မတည်မြဲပါဘူး။
- သင့်မှာ အဆိုးတွေကြုံနေရတာလား။
- မကြာခင်ကောင်းလာဖို့ပဲလို့ ယုံကြည်ထားပါ။
- သိပ်မကြာခင်မှာပဲ အဲဒီအခက်အခဲတွေဟာ ဘာမှလည်းမဟုတ်ပါလားလို့ သင်မြင်လာပါလိမ့်မယ်။
Optimize ( keep a positiue attitude )
- အားလုံးကို အကောင်းမြင်လိုက်ပါ။
- အခက်အခဲဆိုတာ အောင်မြင်မူရဲ့လမ်းစပါပဲ။
- အဲဒီအခက်အခဲကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။
- ကြုံနေရတဲ့ အခက်အခဲတွေကို ရအောင်ဖြေရှင်းပြီး သင့်ကိုယ်သင်ယုံကြည်မူကို မြှင့်တင်လိုက်ပါ။
- ဘယ်လိုမှ ဖြေရှင်းမရရင် အဲဒီအကြောင်းကို ဘာမှမတွေးပါနဲ့တော။
-့  စိတ်ညစ်စရာတွေကို ဟာသလုပ်ပြီး ရီပြလိုက်ပါ။
Keep smiling
- ကိုယ့်ကိုယ်ကို မှန်ထဲမှာကြည့်ပြီး ပြုံးပြလိုက်ပါ။
- စိတ်ဖိစီးမှုတွေ လျော့စေဖို့ အလွယ်ဆုံးနဲ့ ခုချက်ချင်းလုပ်နိုင်တဲ့ နည်းလေးပါပဲ။
Consult with doctor
- တကယ်လို့ စိတ်ဖိစီးမူဟာ အရမ်းဆိုးပြီး အလွန်အမင်းစိတ်ဓာတ်ကျခြင်းပါ တွဲလာပြီဆိုရင်တော့ ဆရာဝန်နဲ့ ပြသပြီး ကုသမူခံယူပါ။
ကဲ …. သင်စိတ်ညစ်နေလား။ အထက်ပါနည်းလမ်းလေးတွေကို ချက်ချင်းလုပ်ကြည့်လိုက်ပါ။ စိတ်ဖိစီးမှုတွေက သင့်ကိုအနိုင်ရဖို့ အခွင့်အရေးမပေးလိုက်ပါနဲ့။ သင်ကိုယ်တိုင် စိတ်ဖိစီးမှုတွေကို အနိုင်ယူလိုက်ပါ။

Sep 12, 2012

ငါးမျက်စိ



ဘယ်လိုလူတွေမှာ အဖြစ်များလဲ ??
  
ငါးမျက်စိ အဖြစ်များတဲ့ အုပ်စု ( ၃ ) စု ရှိပါတယ်။
၁ ။ အသက် ၁ နှစ်မှ ၅ နှစ်အတွင်း ကလေးငယ်များ
၂ ။ လိင်ဆက်ဆံဖက်များသူများ
၃ ။ ကိုယ်ခန္ဓာ ခုခံအားနည်းသူများ ( HIV ပိုးရှိသူများ၊ ကင်ဆာဆေးသွင်းကုသမှုခံယူနေသူများ )


ဘာကြောင့်ဖြစ်တတ်တာလဲ ??

 Molluscum Contagiosum Virus ( MCV ) ကူးစက်ခံရလို့ ငါးမျက်စိဆိုတဲ့ အဖုလေးတွေ ဖြစ်လာရတာပါ။


ဘယ်လိုကူးစက်လဲ ??

ငါးမျက်စိ ကူးစက်ပုံကတော့
၁။ တိုက်ရိုက်ထိတွေ့ခြင်း - ရောဂါရှိသူနဲ့ အသားခြင်းထိမိခြင်း
၂။ ရောဂါရှိသူရဲ့ တဘက်၊ ပုဝါ၊ အ၀တ်အစား၊ အရုပ်တို့နဲ့ ထိတွေ့မိခြင်း
  
သင်ဟာ MCV ကူးစက်ခံရပြီး အရေပြားမှာ ငါးမျက်စိတွေ ပေါ်လာပြီဆိုရင် သင့်ခန္ဓာကိုယ်ရဲ့ တခြားနေရာတွေကိုပါ ကူးစက်နိုင်တယ်နော်။ ငါးမျက်စိဟာ အရမ်းကူးစက်လွယ်ပါတယ်။ အတူတူဆော့ကစားတတ်တဲ့ ကလေးတွေ၊ အရုပ်တွေနဲ့ အတူတူမျှဝေကစားတတ်တဲ့ ကလေးတွေမှာ ပိုပြီးကူးစက်လွယ်တာပေါ့။ ကံကောင်းတဲ့သူတွေကတော့ MCV ကိုခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်က ခံနိုင်ရည်ရှိနေတော့ MCV မကူးစက်ခံရနိုင်ဘူး။ ငါးမျက်စိ မဖြစ်နိုင်တော့ဘူးပေါ့။ 

ငါးမျက်စိဆိုတာ ဘယ်လိုလဲ ??
  
ငါးမျက်စိရဲ့ အဖြစ်များတဲ့ ပုံစံကတော့ အရေပြားမှာ အဖုသေးသေးလေးပေါ်လာတာပဲနော်။ အဖုလေးတွေဟာ မာနေတယ်။ မနာဘူး။ ငါးမျက်စိတွေဟာ တစ်နေရာထဲ စုပြုံပြီး ပေါ်ရင်ပေါ်လာမယ်။
ဒါမှမဟုတ်ရင်လည်း ခန္ဓာကိုယ်အနှံ့မှာ အဖုလေးတွေပေါ်လာနိုင်တယ်လေ။ ၂ - ၆ မီလီမီတာလောက်ပဲရှိတဲ့ အဖုလေးတွေဟာ အလယ်မှာ မီးခိုးရောင်အူတိုင်ရှိတတ်ပြီး ပုလဲလို ရောင်ပြေးလေးရှိတတ်ပါတယ်။ အဖုလေးတွေက ပေါက်သွားတဲ့အခါ ၀ါကြန့်ကြန့်အနှစ်လေးတွေ ထွက်လာတတ်ပါသေးတယ်။ အဲဒါလေးမှာ MCV ပါတော့ ထိမိရင် ကူးနိုင်တာပေါ့။
ကလေးတွေမှာ ဆိုရင် မျက်နှာ၊ လည်ပင်း၊ ရင်ဘတ်နဲ့ လက်တွေမှာ ငါးမျက်စိတွေဖြစ်တတ်ပါတယ်။
လူကြီးတွေမှာဆိုရင်တော့ ပေါင်ခြံ၊ ဗိုက်၊ မျိုးပွားအဂါင်္တွေနဲ့ ပေါင်တွေမှာ ဇြစ်တတ်ပါတယ်တဲ့။ လက်ဖ၀ါး၊ ခြေဖ၀ါး၊ မျက်ခွံတွေနဲ့ ပါးစပ်ထဲမှာတောင် ရှားရှားပါးပါး ပေါက်တတ်သေးတယ်တဲ့နော်။ ကံကောင်းတာတစ်ခုက ငါးမျက်စိတွေအများကြီးပေါ်လာပြီဆိုရင်တောင် အဖု ၂၀ ထက်ပိုပြီး မဖြစ်နိုင်ဘူးလေ။
  
၆ ပတ်ကနေ ၁၂ ပတ်အတွင်းမှာ အဖုလေးတွေက သူ့အလိုလိုခြောက်ပြီးကောင်းသွားတတ်ပါတယ်။ အဲလို အဖုလေးတွေ ပျောက်တော့မယ်အချိန်မှာတော့ နီပြီး နဲနဲရောင်နေတတ်တယ်။ အမာရွတ်တော့ မကျန်နိုင်ပါဘူး ။ ဒါပေမယ့် အရာလေးတွေတော့ ကျန်ခဲ့တတ်တယ်နော်။ MCV ဟာ အရေပြားတလျှောက် ပျံနှံ့တတ်တော့ အဖုတစ်ခုက ပျောက်တော့မယ့်အချိန်မှာ နောက်တစ်ဖုက ပေါ်လာတတ်ပါတယ်။ အဲဒီလိုပဲ ငါးမျက်စိလေးတွေဟာ MCV ရဲ့ အစွမ်းမကုန်မချင်းပေါ်လိုက် ပျောက်လိုက်ဖြစ်နေတတ်ပါတယ်။ များသောအားဖြင့်တော့ ၁ နှစ်ခွဲအတွင်းမှာ လုံးဝအမြစ်ပြတ်ပျေက်သွားနိုင်ပါတယ်။ ဘာမှ ကုစရာမလိုပဲနဲ့ပေါ့။
  
လူ ၁၀ ယောက်မှာ ၁ ယောက်လောက် ဖြစ်တတ်တာကတော့ ငါးမျက်စိအဖုလေးတွေနားမှာ နှင်းခူ
ဖြစ်လာတတ်တာပါပဲ။ နှင်းခူဖြစ်ပြီဆိုရင် အရေပြားဟာ ယားတယ်။ နီရဲနေတယ်။ အသားခြောက်ပြီး အက်ကွဲတာ၊ အရေပြားက အဖတ်လေးတွေကွာတာတွေ ဖြစ်နိုင်တယ်နော်။ အရင်ထဲက နှင်းခူဖြစ်တတ်တဲ့ သူတွေမှာ ပိုဖြစ်လွယ်တာပေါ့။

ဘယ်လိုကုသရမလဲ ??
  
လူအများစုမှာတော့ ငါးမျက်စိဟာ ကုစရာမလိုပဲ ၁ နှစ်ခွဲအတွင်းမှာ လုံးဝပျောက်ကင်းသွားနိုင်ပါတယ်။
HIV ပိုးရှိသူတွေလို ကိုယ်ခံအားနည်းနေတဲ့လူတွေမှာတော့ ငါးမျက်စိလုံးဝပျောက်ကင်းသွားဖို့ ၅ နှစ်လောက် အချိန်ယူ ရပါတယ်။
ငါးမျက်စိ မြန်မြန်ပျောက်စေတဲ့ ကုသနည်းတွေ အများကြီးရှိတယ်နော်။ ဒါပေမယ့် ငါးမျက်စိတွေကို
တော်ရုံကုမပေးကြပါဘူး။ ဘာလို့လဲဆိုတော့ အပေါ်မှာပြောခဲ့သလိုပဲ ငါးမျက်စိဟာ မကုဘဲ အလိုလိုပျောက်
နိုင်တယ်။ အမာရွတ်တောင် မထင်ဘူးလေ။ ပြီးတော့ ငါးမျက်စိလေးတွေက နာတာတို့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို အနှောင့်အယှက်ဖြစ်စေတာတို့ မရှိဘူး။ ကုသနည်းတွေက မြန်မြန်ပျောက်စေပေမယ့် နာတယ်။ အမာရွတ်လည်း ကျန်နိုင်တယ်။ ကလေးတွေအတွက်လည်း အန္တရယ် ရှိနိုင်သေးတာကိုး။ ဒါကြောင့် ငါးမျက်စိကိုကုဖို့ သိပ်အားမပေးကြဘူးနော်။ တကယ်လို့ ငါးမျက်စိတွေကြောင့်ကြည့်ရဆိုးနေမယ်ဆိုရင် နဲနဲကြီးနေတဲ့ ကလေးတွေနဲ့ လူကြီးတွေမှာ ငါးမျက်စိတွေရှိနေလို့ စိတ်အနှောင့်အယှက်ဖြစ်ရတယ်ဆိုရင်တော့ ကုသနိုင်ပါတယ်။
 
ငါးမျက်စိတွေအတွက် အလွယ်ကူဆုံးကုသနည်းကတော့ အဖုထဲကအဆံကို စင်အောင်ညှစ်ထုတ်လိုက်
တာပါပဲ။ MCV ပါတာလေးတွေ ကုန်သွားဖို့ပေါ့။ ဒါပေမယ့် ညှစ်လိုက်မှ တခြားပိုးတွေဝင်လာမှာ စိုးရသေးတယ်လေ။ ဒါကြောင့်အဖုတွေကို မညှစ်ခင် ရေအရင်ချိုးလိုက်ပါ။ ဒါမှ အရေပြားက နူးညံပြီး ညှစ်ရပိုလွယ်တယ်နော်။ အဖုတွေကို မညှစ်ခင်နဲ့ ညှစ်ပြီးမှာ လက်ကိုဆပ်ပြာနဲ့ သေချာဆေးဖို့ မမေ့ပါနဲ့။ လက်အိပ်စွပ်လုပ်ရင်တော့ အကောင်းဆုံးပဲပေါ့နော်။ ပြီးတော့ ထွက်လာတဲ့အဆံလေးကိုလဲ အရေပြားနဲ့ မထိစေဘဲ သေချာစွန့်ပစ်နော်။ ဒီနည်းလမ်းလေးကြောင့် နဲနဲနာနိုင်ပေမယ့် ငါးမျက်စိ အဖုနဲနဲလေးဆိုရင် ပျောက်ကင်းစေဖို့ အလွယ်ဆုံးနဲ့ အထိရောက်ဆုံးပဲနော်။ အော်…. ပြီးရင် သင်ဝတ်ခဲ့တဲ့ အ၀တ်အစား၊ မျက်နှာသုတ်ပုဝါတွေကို ရေနွေးနဲ့ ပြုတ်လျှော်လိုက်ပါ။ ဒါဆိုရင်တော့ ငါးမျက်စိတွေ သင့်ကို လုံးဝတွယ်ကပ်မနေနိုင်တော့ဘူးပေါ့။
  
တကယ်လို့ ငါးမျက်စိတွေကို လက်နဲ့ ညှစ်ထုတ်လို့မရဘူး မပျောက်ဘူးဆိုရင် အေးခဲစေပြီးကုသခြင်း
( Cryotherapy) ၊ မီးရို့ခြင်း ( Diathermy ) ၊ ခြစ်ထုတ်ခြင်း (Curettage) တို့နဲ့ ကုနိုင်ပါသေးတယ်။ ဒါပေမယ့်
ဒီနည်းတွေက အရမ်းနာတယ်လေ။ ကလေးတွေမှာလုပ်လို့ မသင့်တော်ဘူး။ ပြီးတော့ အိမ်မှာလုပ်လို့ လုံးဝ
မရဘူးနော်။ ကျွမ်းကျင်တဲ့ အရေပြားအထူးကုဆရာဝန်တွေကပဲ လုပ်ပေးရမှာပါ။
  
ငါးမျက်စိကို ကုသနိုင်တဲ့ လိမ်းဆေးတွေလည်း ရှိပါတယ်။ တကယ်တော့ အဲဒီဆေးတွေက ၀က်ခြံ၊
ကြွက်နို့စတာတွေကို ကုဖို့ထုတ်ထားတဲ့ ဆေးတွေပါ။ ဒါပေမယ့် ငါးမျက်စိကိုလည်း သက်သာပျောက်ကင်းစေနိုင်တယ်လေ။ အဲဒီဆေးတွေက ပြင်းတော့ ကလေးတွေအတွက်မသင့်တော်သလို လူကြီးတွေသုံးမယ် ဆိုရင်တောင် ဆေးရဲ့ပမာဏနဲ့ လိမ်းပုံလိမ်းနည်းတွေ သိဖို့လိုသေးတာမို့ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း လိုက်နာတာပဲ အကောင်းဆုံးနော်။

ဘယ်လိုကာကွယ်ရမလဲ??
  
ငါးမျက်စိဟာ ကူးစက်လွယ်ပါတယ်။ ဒါပေမယ့် ငါးမျက်စိပိုးကို ခံနိုင်ရည်ရှိတဲ့သူတွေလည်းရှိနေတော့ ငါးမျက်စိမဖြစ်အောင် အိမ်ထဲပဲပုန်းနေစရာ မလိုဘူးနော်။ ကိုယ်ခံအားကောင်းအောင်သာ ကောင်းကောင်းအိပ် ကောင်းကောင်းစားပြီး တကိုယ်ရည်သန့်ရှင်းရေးလည်း ဂရုစိုက်ပေါ့။
တကယ်လို့သင့်မှာ ငါးမျက်စိရှိနေပြီဆိုရင်တော့ ငါးမျက်စိရှိတဲ့နေရာကို တတ်နိုင်သလောက် ဖုံးအုပ်ထားပါ။ ခန္ဓာကိုယ်တွေမှာ ရှိရင်လွယ်တာပေါ့နော့။ အင်္ကျီလက်ရှည်၊ လုံချည်၊ ဘောင်းဘီရှည်ဝတ်ထားရုံပဲလေ။ အ၀တ်အစားတွေ၊ ပုဝါတွေ၊ တဘတ်တွေကို တခြားသူတွေနဲ့ အတူမသုံးပါနဲ့။ ငါးမျက်စိအဖုတွေက ယားရင်လည်းသွားမကုတ်ပါနဲ့ ။ အဲလို သွားကုတ်မိရင် MCV တွေသင့်အရေပြားမှာ ပြန့်နှံ့စေပြီး ပျောက်ဖို့ ပိုပြီး ကြာနိုင်တယ်နော်။ တကယ်လို့ အဖုလေးတွေက မနေနိုင်အောင် ယားနေတယ်ဆိုရင်တော့ ဆရာဝန်နဲ့ပြသပြီး ကုသမှုခံယူပါ။
  
တကယ်တော့ ငါးမျက်စိဆိုတာ ဘာမှမဟုတ်တဲ့ ရောဂါလေးဆိုပေမယ့် ဖြစ်လာရင်လည်း စိတ်ရူပ်စရာပဲနော်။ ဒါကြောင့် အပေါ်က ငါးမျက်စိအကြောင်းလေးကို ဖတ်ပြီး ကျန်းမာရေးအသိ သတိရှိနေရင် ကိုယ့်မှာ ငါးမျက်စိဖြစ်လာရင်လည်း မြန်မြန်ပျောက်အောင်၊ သူများကိုလည်းမကူးအောင် ဂရုစိုက်လို့ရတာပေါ့။ သူများတွေဖြစ်နေရင်လည်း  ကိုယ့်ကိုယ်မကူးအောင် ကာကွယ်လို့လည်းရ၊ သူများကိုလည်း ဆရာကြီးလုပ်လို့ ရတာပေါ့နော်....။
ငါးမျက်စိအဖုလေးတွေက အဆင့်လိုက်နဲနဲစီကွာတတ်တာမို့ ပုံလေးတွေ ထပ်တင်ပေးလိုက်ပါတယ်။

ကောင်းနိုးရာရာ အင်ဂျင်နီယာ စာအုပ်များ


Posted by Sixth Sense

ဒီနေရာမှာ ရှာလို့ရသမျှ ကောင်းနိုးရာရာ အင်ဂျင်နီရာစာအုပ်တွေကို သူငယ်ချင်းတွေနဲ့အတူတူ မျှဝေချင်ပါတယ်... သူငယ်ချင်းတွေမှာ ရှိတဲ့စာအုပ်တွေကိုလည်း မျှဝေပေးကြမယ်လို့ မျှော်လင့်ပါတယ်...
တခါတလေ ကိုယ်က အကြောင်းအရာ တခုခုကို သိချင်နေပီး.. ဖတ်စရာစာအုပ်ကို ဘယ်မှာ ရှာရမှန်းမသိ ဖြစ်နေလို့ပါ... Download လုပ်၍ မရသည့်တိုင် Links လေးတွေပေးနိုင်မယ် ဆိုရင်တောင် တော်တော် အကျိုးရှိမယ်ထင်ပါတယ်... သွားပီး ဖတ်လို့ရနိုင်တာပေါ့...
အားလုံးပဲ စာအုပ်ထဲမှ ရတနာများကို ရှာဖွေ ခံစားနိုင်ကြပါစေ... :)
http://www.myanmarengineer.org - မြန်မာအင်ဂျင်နီယာအသင်း website ပါ
http://www.books-hive.com/library/login - စာအုပ်ပေါင်း ၁၄၀၀ ကျော်ကို အခမဲ့ Download လုပ်လို့ရအောင် ပြုလုပ်ထားတဲ့ ဗမာပညာရှင်တစ်ယောက်ရဲ့ ဆိုဒ်ပါ.. တော်တော်ကြီးကို ကောင်းပါတယ်... ကျေးဇူးလည်း အရမ်းတင်မိပါတယ်.. *Sign Up လုပ်ဖို့တော့ လိုပါတယ်..*
http://www.box.net/shared/1qpm2tsy23 - All Conversion Excel Sheet - အင်ဂျင်နီယာတွေအတွက် အသုံးဝင်မှာပါ...
http://www.box.net/shared/jeg0dnjvub - Steel manual Handbook.pdf - Civil အတွက် အသုံးကျမှာပါ...
http://www.box.net/shared/dl2kpq6uaa - Word Web- အင်္ဂလိပ်-အင်္ဂလိပ် အဘိဓါန်
(သုံးလို့ အရမ်းကောင်းတဲ့ အင်္ဂလိပ်-အင်္ဂလိပ် အဘိဓါန်တစ်ခု မျှဝေပေးလိုက်ပါတယ်.. Install လုပ်ဖို့လိုပါတယ်)
http://www.mediafire.com/file/ujhfjn1mxjj/Design_of_Concrete_Struct... - Design of Concrete Structure 13th Edition (Full Version)
ကွန်နက်ရှင်မကောင်းသူများအတွက် Design of Concrete Structure ကို အောက်မှာ အပိုင်း ၃ ပိုင်း ပိုင်းပေးထားပါတယ်..
http://www.box.net/shared/u99rsgl2bi (Part-1)
http://www.box.net/shared/98xxlyh98n (Part-2)
http://www.box.net/shared/n25smm9y97 (Part-3)
အားလုံးပျော်ရွှင်ကြပါစေ...

video နှင့်ပတ်သတ်သည့်ဆော့ဝဲလ်များအစုံ(ပထမပိုင်း)

ကဲသူငယ်ချင်းတို့ရေ.videoနဲ့ပတ်သတ်တဲ့ဆော့ဝဲလ်လေးတွေ
အလကားရလို့သယ်လာပါတယ်ဗျာ
လိုချင်တာတွေရှိရင်အောင်မှာပုံကိုကြည့်ပြီး
ကိုယ်ကြိုက်တာတွေ့ရင်အောင်မှာပေးထားတဲ့နေရာမှာဒေါင်းယူနိုင်ပါတယ်Freemake Video Converter
Free Zune Video Converter
Internet Video Converter
Sweet Home 3D
Video to GIF Converter
Any Video Converter (Free version)
Freemake Video Downloader
VideoLobster (Free Version)
Video DVD Maker Free
SolveigMM AVI Trimmer
DVDVideoSoft Free Studio
DVD Author Plus

Sep 10, 2012

Folder တွေကို Software မသုံးပဲ ဖျောက်ရအောင်

Folder တွေကို Software မသုံးပဲ ဖျောက်ရအောင်

၁။ပထမဆုံး Folder အသစ်တစ်ခု ဆောက်ပါ။ Folder အမည်ပေးတဲ့အချိန်မှာ Alt ကိုဖိထားပြီး Num Keypad ကနေ 255 လို့ ရိုက်ပြီး Enter ခေါက်ပါ။
ဒါဆိုရင် Folder နာမည်မပေါ်ပဲ Folder တစ်ခုဖန်တီးပြီးသား ဖြစ်သွားပါပြီ။

၂။ ပြီးရင် Folder ပေါ် Right Click နှိပ်ပြီး Properties ကိုနှိပ်ပါ။ Customize Tab ကိုဆက်နှိပ်ပါ။

၃။ Change Icon button ကိုနှိပ်ပါ။

၎။ Icon ပုံလေးတွေ ရွေးတဲ့အခါကျရင် blank icon ကိုရွေးပေးပါ။

၅။ OK နှိပ်ပါ။ OK ထပ်နှိပ်ပါ။ ပြီးရင် ကိုယ့် Folder လေးကို ကြည့်လိုက်ပါဦး။

နောက်တစ်ခါ ဖွင့်ချင်ရင် Folder ရှိမဲ့နေရာကိုသာမှန်းပြီး Double click နှိပ် ဖွင့်နိုင်ပါပြီ။ တစ်ခုသတိပြုရမှာက
အဲဒီ Folder လေးကို ကြိုက်တဲ့နေရာမှာ ထားနိုင်ဖို့ Folder Windows ရဲ့ လွတ်တဲ့နေရာမှာ Right Click နှိပ်ပြီး Arrang Icons By> Auto Arrange အမှန်ခြစ်ကို ဖြုတ်ထားလိုက်ပါ။